Connect with us

Hi, what are you looking for?

သတင်း

ဘီလူးချောင်းထဲမှာစစ်ကောင်စီရဲ့စစ်မှုထမ်းတပ်သားသစ်အလောင်းတွေ တွေ့နေ

ကရင်နီပြည်နယ်၊ဘီလူးချောင်းထဲမှာစစ်ကောင်စီရဲ့စစ်မှုထမ်းတပ်သား သစ်အလောင်းတွေ တွေ့ရှိနေတယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဓာတ်ပုံ − ပေးပို့

စက်တင်ဘာ-၂၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဘီလူးချောင်းထဲမှာစစ်ကောင်စီရဲ့စစ်မှုထမ်းတပ်သား သစ်အလောင်းတွေ တွေ့ရှိနေတယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့က(စက်တင်ဘာ ၁ရက်) စစ်မှုထမ်းတပ်သားသစ် ရုပ်အလောင်း သုံးလောင်းတွေ့ပြီး ဒီကနေ့ (စက်တင်ဘာ ၂ရက်)မှာ တစ်လောင်း ထပ်မံတွေ့တယ်လို့ ဆိုပါတယ်။

တွေ့ရှိတဲ့ရုပ်အလောင်းတွေအရ သတ်ဖြတ်ခံထားရတာဖြစ်ပြီး အသက်ငယ်ပိုင်းတွေနဲ့ သတ်လတ်ပိုင်း အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဒီရက်ပိုင်းအတွင်းတောက်လျှောက် တွေ့နေတယ်။နှစ်လောင်း၊ သုံးလောင်းနဲ့ ဒီနေ့က တစ်လောင်းတွေ့တယ် အဲဒီလိုမျိုး။ကျနော်တို့ ပြောလို့ရတာတော့ ဘီလူးချောင်းတနေရာမှာ တွေ့ရတာပါ။ရေထဲမှာပါလာတဲ့ အလောင်းတွေမှာ လူငယ်၊လူရွယ်အပိုင်းတွေ ဖြစ်တယ်။တိုက်ပွဲလည်း မဖြစ်ဘူးလေ”လို့ ကရင်နီစစ်ဘက်တာဝန်ရှိသူတဦးက လူထုနွေဦးသို့ ပြောသည်။

ဘီလူးချောင်းမှာ တွေ့ရှိတဲ့ ရုပ်အလောင်းတွေရဲ့ အသက်အရွယ်၊ရာထူးအဆင့်အတန်းနဲ့ ဒဏ်ရာပုံစံတွေအရ စစ်ကောင်စီတပ်တွင်း ထွက်ပြေးတာနဲ့ အမိန့်မနာခံလို့ သတ်ပစ်လိုက်တာမျိုးတွေလို့လည်း သူက ယူဆပါတယ်။

တော်လှန်ရေးအင်အားစုအားကောင်းရာ ကရင်နီပြည်နယ်ကို စစ်ကောင်စီကပြီးခဲ့တဲ့နှစ်လယ်ပိုင်းကစပြီးစစ်မှုထမ်းဥပဒေနဲ့ စုဆောင်းသူတွေကို အဓိကအသုံးပြုပြီး ပြန်လည်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ကရင်နီစစ်ဘက်သတင်းရင်းမြစ်တွေရဲ့ခန့်မှန်းချက်အရ စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ ပါလာတဲ့သူ ၂၀၀၀ ခန့်ကို ကရင်နီပြည်နယ်မှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

သြဂုတ် ၂၉ရက်က ဒီးမော့ဆိုမြို့နယ်၊ငွေတောင်ကျေးရွာသစ်တိုက်ပွဲမှာ စစ်မှုထမ်းဥပဒေနဲ့ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ အများစုသေဆုံးတယ်လို့လည်း ကရင်နီရှေ့တန်းရဲဘော်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

Facebook