Connect with us

Hi, what are you looking for?

သတင်း

ရေစကြို ခလရ (၂၅၈)တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူတဦးသေဆုံး

တပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူတဦးသေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ-၄၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ခလရ (၂၅၈)

တပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူတဦးသေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၂ ရက် နေ့လယ် ၂ နာရီခန့်က ရေစကြိုမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအမှတ်(၂၅၈)ခြေလျင်တပ်ရင်းထဲကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။ပစ်ခတ်မှုကြောင့် လက်နက်ကြီးတစ်လုံးဟာ သာစည်နှောပင်ရွာထဲက နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ နှစ်အရွယ် ဒေါ်အမာကြည်ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သေဆုံးသူက သူနဲ့သမီးလေးနဲ့ သားအမိနှစ်ယောက်ထဲရှိတာ သမီးလေးကျန်ခဲ့တယ်လို့သိရတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ဒါ့အပြင်ထိခိုက်ဒဏ်ရာ ရသူတွေလည်းရှိပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

သြဂုတ် ၂၄ ရက်ကလည်း ရေစကြိုမြို့ပေါ်က စစ်အုပ်စုကလက်နက်ကြီး၃ လုံးပစ်ခတ်ခဲ့လို့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က အောင်ချမ်းသာရွာကို ကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

စစ်ကောင်စီဟာရေစကြိုမြို့နယ်ကိုလက်နက်ကြီးအပြင်လေကြောင်းတိုက်ခိုက်မှုတွေပါမကြာခဏ ပြုလုပ်နေပါတယ်။ သြဂုတ် ၃၁ ရက်ကလည်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၅ ဦးသေဆုံးခဲ့ပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။