Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်း​ဒေသက​နေတစ်လကျော်ကြာစစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်တိုက်ဖြစ်

စစ်ကိုင်းတိုင်း၊မင်းကွန်း​ဒေသကနေတဆင့် စစ်ကြောင်းထိုး နေတဲ့ စစ်တပ်ဟာ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ် အစပ်ကို နေရာဖြန့်ကာ တပ်ချထားပြီး တော်လှန်ရေး တပ်တွေနဲ့ နေ့စဉ်တိုက်ပွဲဖြစ် နေတယ်လို့တော်လှန်ရေးတပ်တွေက​ပြောပါတယ်။

​​ရွှေဘိုမြို့နယ်ရှိ PDF တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-BWA

စက်တင်ဘာ-၄၊၂၀၂၅။မေ/People’s Spring

စစ်ကိုင်းတိုင်း၊မင်းကွန်း​ဒေသကနေတဆင့် စစ်ကြောင်းထိုး နေတဲ့ စစ်တပ်ဟာ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ် အစပ်ကို နေရာဖြန့်ကာ တပ်ချထားပြီး တော်လှန်ရေး တပ်တွေနဲ့ နေ့စဉ်တိုက်ပွဲဖြစ် နေတယ်လို့တော်လှန်ရေးတပ်တွေက​ပြောပါတယ်။

ဇူလိုင်လ၂၇ ရက်နေ့ကနေ စပြီး စစ်​ကြောင်းထိုးလာတဲ့ဒီစစ်ကြောင်းဟာသြဂုတ်၂၈ရက် နေ့မှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းက စဉ့်ကိုင်ကျေးရွာ ပတ်လည်မှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် မန္တလေးမြို့ဘက်ကနေ ထပ်မံစစ်အင်အားတိုးလာခဲ့ပြီး စစ်ကိုင်းမြို့နယ်စဉ့်ကိုင်တောင်ရွာနဲ့ ဝက်လက်မြို့နယ်၊စဉ့်ကိုင် မြောက်ရွာတို့မှာ အထိုင်ချထားပြီး ပတ်လည်မှာ စစ်အင်အားဖြန့်ထားတယ်လို့ တော်လှန်ရေး တပ်ဖွဲ့ခေါင်း ဆောင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဖြန့်နေတာရှိတယ်။စဉ့်ကိုင်နဲ့ ဘေးပတ်ပတ်လည်ရွာ တွေကို။ပြီးတော့သူတို့ကတက်တက်လုံးတယ်။ကျည်ပေါက်တာ(ပစ်ခတ်တာ) တွေတော့ နေ့တိုင်းရှိတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ခေါင်းဆောင်တဦးကပြောပါတယ်။

ဒီစစ်ကြောင်းဟာစစ်ကောင်စီတပ်နဲ့ပျူစောထီး စုစုပေါင်းအင်အား၁၈၀ လောက်ရှိပြီးဝက်လက်မြို့နယ်က ရှိမ်းမကားတိုက်နယ် ရဲစခန်းကို သွားဖို့ဖြစ်နိုင်တယ်လို့ အထက်ပါ ပုဂ္ဂိုလ်ကခန့်မှန်းပါတယ်။

“လော လောဆယ် သူတို့က ရှိမ်းမကားကိုတိုးချင် နေတာ။အပျော့ကြောရှာနေတဲ့သဘောပဲ။မြစ်ကမ်းဘေးကတိုးလိုက်။ကျောက်လမ်းပေါ်ကတိုးလိုက်နဲ့ ။တပ်ရင်းတပ်ဖွဲ့တွေကလည်းပိတ်ထားတဲ့ သဘောဖြစ် နေတာ”လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်း ဆောင်က ပြောပါတယ်။

အဲဒီစစ်ကြောင်းကိုမန္တလေးဂေါဝိန်ဆိပ်ကမ်းကနေတဆင့်စစ်တပ်ကကျည်နဲ့လက်နက်ခဲယမ်းတွေဆက်တိုက်ပို့ဆောင်နေပြီးစဉ့်ကိုင်ရွာအနီးက မတ္တရာမြို့နယ်၊မိုးကြိုးရွာကတဆင့် ခဲယမ်းပို့နေတာဖြစ်ပြီး မိုးကြိုးရွာကိုလည်း စစ်တပ်က မီးရှို့ထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။