Connect with us

Hi, what are you looking for?

သတင်း

စစ်​အုပ်စုရဲ့ ​ရွေး​ကောက်ပွဲကို ကရင်နယ်ခြား​စောင့်တပ်(BGF) ကူညီမယ်ဆို

ကရင်နယ်ခြားစောင့်တပ်(BGF)က ပြည်နယ်အတွင်း စစ်အုပ်စုကပြုလုပ်မယ့်ရွေးကောက်ပွဲတွေကို ကူညီဆောင်ရွက်သွားမယ်လို့ ကဒီကနေ့(စက်တင်ဘာ ၅ရက်)နေ့မှာထုတ်ပြန်လာပါတယ်။

စက်တင်ဘာ-၅၊ ၂၀၂၅။/People’s Spring

ကရင်နယ်ခြားစောင့်တပ်(BGF)က ပြည်နယ်အတွင်း စစ်အုပ်စုကပြုလုပ်မယ့်ရွေးကောက်ပွဲတွေကို ကူညီဆောင်ရွက်သွားမယ်လို့ ကဒီကနေ့(စက်တင်ဘာ ၅ရက်)နေ့မှာထုတ်ပြန်လာပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ကူညီသွားဖို့ ဆုံးဖြတ်ခဲ့တာဟာ ထိပ်ပိုင်းခေါင်းဆောင်တွေ အနိမ့်ဆုံးဒုဗျူဟာမှူးအထိတက်ရောက်ပြီး အကြိမ်ကြိမ်ဆွေးနွေးပြီးမှ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာလို့လည်း BGFပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

ဒေသလုံခြုံရေးနဲ့ ပြည်သူတွေလုံခြုံရေးအတွက် ဦးစားပေးဆုံးဖြတ်ခဲ့တာလို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

” လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရပေါ့နော် ဒီအာဏာရှင်စနစ်ဆက်လက်သက်ဆိုးမရှည်စေချင်ဘူးဆိုရင် ကျနော်တို့က ရွေးကောက်ပွဲကို လက်ခံပေးရမှာဘဲ။ အရွေ့တခုကိုသွားချင်ရင်တော့ ဒီအပြောင်းအလဲတခုကို သွားချင်ရင်တော့ ရွေး

ကောက်ပွဲကနေပြီးတော့ တဦးတယောက်တည်းအုပ်ချုပ်တာမဟုတ်ဘဲနဲ့ အများနဲ့ မဲပေးပြီးတဲ့စနစ်နဲ့ သွားတဲ့အနေအထားမျိုးဆက်သွားမှသာလျင် ကျနော်တို့ အပြောင်းအလဲတခုကို သွားရမှာကိုး။ ဒါကို ကျနော်တို့က လက်ခံပေးရမယ်လေ”လို့ သူကပြောပါတယ်။

စစ်အုပ်စုကကျင်းပမယ့်​ရွေး​ကောက်ပွဲမှာ စစ်​​ခေါင်း​ဆောင်​တွေက ရာသက်ပန်အာဏာချုပ်ကိုင်နိုင်ဖို့ရယ် ၊အာဏာသိမ်းထားတဲ့ စစ်အုပ်စုနိုင်ငံ​ရေးအရထွက်​ပေါက်ရဖို့ ဟန်ပြ​ရွေး​ကောက်ပွဲလို့ ​တော်လှန်​ရေးအင်အားစု​တွေနဲ့ အ​နောက်နိုင်ငံ​တွေက ​ပြောဆိုကြပါတယ် ။

ကရင်အမျိုးသားအစည်းအရုံး(KNU )ဥက္ကဌက စစ်တပ်​ရွေး​ကောက်ပွဲ မလုပ်နိုင်​အောင် ကရင်တိုင်းရင်းသား​တွေက အမျိုးသား​ရေးတာဝန်တစ်ရပ်အ​နေနဲ့ တားဆီးကြိုးပမ်းကြရမယ်လို့​ပြောထားပါတယ် ။ ဒါအပြင် စစ်တပ်က အာရှလမ်းပြန်စိုးမိုးနိုင်ဖို့စစ်​ကြောင်း​တွေထိုးရင်း အပြင်းအထန်တိုက်ပွဲဖြစ်​နေချိန်မှာ BGF ကဒီ​ကြေညာချက်ကိုထုတ်ပြန်လာတာဖြစ်ပါတယ်။

ဝေဖန်မှုတွေအပေါ် နားလည်ထားပြီး ကြိုတင်တွက်ဆထားတယ်လို့လည်း BGF ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

လာမယ့်ဒီဇင်ဘာမှာပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံရဲ့ အနာဂတ်အတွက် ဒီမိုကရေစီကို ဦးတည်ကာ ပြည်သူတွေအတွက် တည်ငြိမ်အေးချမ်းလုံခြုံတဲ့ဘဝကို ဖန်တီးပေးဖို့ အရေးပါတယ်လို့နားလည်ထားကြောင်းလည်း BGFက ဆိုပါတယ်။

BGFအနေနဲ့ မဲဆန္ဒရှင်တွေရဲ့ မဲပေးပိုင်ခွင့်အပေါ် အန္တရာယ်မရှိစေဖို့ အထူးအလေးထားဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပြင် တော်လှန်ရေးတပ်ဖွဲ့များကလည်း အသီး

သီးကြေညာချက်တွေ ထုတ်ပြန်ထားပြီး ၎င်းတို့ထိန်းချုပ်စိုးမိုးရာ နေရာတွေမှာ တားဆီးသွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာ ခရိုင်၊ အမှတ် (၆) တပ်မဟာရဲ့ ရပ်တည်ချက် သဘောထားကို ဩဂုတ်၃၀ရက်က ထုတ်ပြန်ခဲ့ရာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကူညီပံ့ပိုး ပူးပေါင်းပါဝင်သူတွေကို အရေးယူမယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် ချင်းပြည်ကောင်စီကလည်း အာဏာသိမ်းစစ်ကောင်စီက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ကျင်းပပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ပြီး ရွေးကောက်ပွဲ ပါဝင်ပတ်သက်သူတွေကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ပြင်းထန်စွာ အရေးယူမှုပြုလုပ်သွားမှာလို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်မှာ စစ်ကောင်စီ က လမ်းပြန်ဖွင့်လိုက်ပေမယ့် စစ်တပ်ဂိတ်နဲ့ BGF ဂိတ်က ခရီးသွားကားတွေကို ငွေကျပ်သောင်းဂဏန်းအထိတောင်းခံနေတယ်လို့ ခရီးသွားအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။