Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မှပြန်သွားသည့် စစ်သင်္ဘောများအား KIA ပူးပေါင်းတပ် တိုက်ခိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ ယနေ့ (စက်တင်ဘာ ၅ရက်) နံနက်တွင် ပြန်လည် ထွက်ခွာသွားသည့် စစ်သင်္ဘောများအား ရွှေကူမြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ဗန်းမော်မြို့မှပြန်ဆင်းသွားသည့် စစ်သင်္ဘောတစီးအား တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

စက်တင်ဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ ယနေ့ (စက်တင်ဘာ ၅ရက်) နံနက်တွင် ပြန်လည် ထွက်ခွာသွားသည့် စစ်သင်္ဘောများအား ရွှေကူမြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

အဆိုပါစစ်သင်္ဘောအုပ်စုကိုရွှေကူနှင့်ဗန်းမော်မြို့အကြားတွင် KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်အချို့က အသိပေးသော်လည်း သီးခြားအတည်ပြုချက်မရသေးပေ။

ဩဂုတ် ၁ရက်က ဗန်းမော်မြို့သို့ ရောက်ရှိပြီး တလကျော်အကြာတွင်ပြန်သွားသည့် စစ်သင်္ဘောများကို ဗန်းမော်မြို့နယ် စင်းခန်းအနီးတွင် KIAပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်ခံရ၍ သင်္ဘောတစီးပျက်စီးကာ စစ်သင်္ဘောဖြင့်ဆွဲသွားကြောင်း ကချင်သတင်းရင်းမြစ်တဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။

သင်္ဘော ၁၀စီးခန့်ပါဝင်သော စစ်သင်္ဘောအုပ်စု ဗန်းမော်မြို့မှ ပြန်လည်စုန်ဆင်းသွားသည်ကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုသော်လည်း သင်္ဘောများတိုက်ခိုက်ခံရမှု အခြေ အနေကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

အခြားသတင်းတရပ်မှာ ကသာမြို့၌ ရောက်ရှိနေသည့် စစ်သင်္ဘော ၅စီးခန့်သည်လည်း ယနေ့ စက်တင်ဘာ ၅ရက် နံနက် ၇နာရီခွဲဝန်းကျင်တွင် ဗန်းမော်မြို့သို့ ဦးတည်ဆန်တက်သွားသည်ဟု ကချင်သတင်းရင်းမြစ်က အသိပေးထားရာ အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။