Connect with us

Hi, what are you looking for?

သတင်း

ချင်းတော်လှန်ရေးအင်အားစုနှစ်ခုကြားပြဿနာမီဇိုရမ်ခရစ်ယာန်အဖွဲ့အစည်း ကြားဝင်ညှိနှိုင်း

ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစုနှစ်ခုဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပါဝင်သည့် ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အကြား တိုက်ပွဲနှင့်ပဋိပက္ခများ ပြေလည်မှု ရရှိရေးအတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ အဖွဲ့အစည်းအသီးသီးက ကြားဝင်ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေ၍ နောက်ဆုံးအနေဖြင့် မီဇိုရမ်ဒေသ ခရစ်ယာဉ်ဘာသာရေးပေါင်းစုံ စုဖွဲ့ထားသည့် MKHCC အဖွဲ့က ညှိနှိုင်းပေးလျက်ရှိကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ခေါင်းဆောင်တဦးဖြစ်သည့် ဆလိုင်းလျန်လွယ်က ပြောသည်။

ချင်းပြည်အစိုးရ၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းညီနောင်(CB)ကိုယ်စားလှယ်များ​တွေ့ဆုံ​ဆွေး​နွေးစဥ်။ဓါတ်ပုံ-ခိုနူမ်းသုန်

▪️ပြေလည်မှုမရပါကမြန်မာဘက်ကလာရောက်ခိုလှုံသူများအရေး မီဇိုရမ်ပြည်နယ်ပြည်သူများထံ အပ်မည်ဟုသတိပေး

စက်တင်ဘာ ၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစုနှစ်ခုဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပါဝင်သည့် ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အကြား တိုက်ပွဲနှင့်ပဋိပက္ခများ ပြေလည်မှု ရရှိရေးအတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ အဖွဲ့အစည်းအသီးသီးက ကြားဝင်ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေ၍ နောက်ဆုံးအနေဖြင့် မီဇိုရမ်ဒေသ ခရစ်ယာဉ်ဘာသာရေးပေါင်းစုံ စုဖွဲ့ထားသည့် MKHCC အဖွဲ့က ညှိနှိုင်းပေးလျက်ရှိကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ခေါင်းဆောင်တဦးဖြစ်သည့် ဆလိုင်းလျန်လွယ်က ပြောသည်။

စက်တင်ဘာ၆ရက်ကကျင်းပသည့်ချင်းညီနောင်၏ ရန်ပုံငွေရှာဖွေပွဲတွင် ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သည့် ဆလိုင်းလျန်လွယ် တက်ရောက်ပြီး ယခုကဲ့သို့ ပြောပြ အသိပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ချင်းအချင်းချင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးမရ၍ အိန္ဒိယနိုင်ငံ မီဇိုရမ်ရှိ အဖွဲ့အစည်း၊ အစိုးရအဖွဲ့အစည်းများက အကြိမ်ကြိမ်ကြားဝင် ဆောင်ရွက်ခဲ့ဟု ဆိုသည်။

“အခုဆို အဖွဲ့အစည်းတွေ စုံနေပြီ” ဟုဆလိုင်းလျန်လွယ်က ပြောပြပြီး လက်ရှိ နောက်ဆုံးကြားဝင် ပေးနေသည်မှာ MKHCC ဆိုသည့် မီဇိုရမ် ခရစ်ယာန် အဖွဲ့အစည်းဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ အသင်းတော်က ညှိလို့မရဘူးဆိုရင် ကျနော်တို့ ပြည်သူတွေကိုလက်ထဲပဲအပ်မယ်။ ပြည်သူလက်ထဲအပ်မယ်ဆိုတာက အရင်တန်းက ပြောမယ်ဆိုရင် ကျနော်တို့ ဗမာပြည်က လာတဲ့ ဧည့်သည်တွေ ဒီမှာ မီခိုနေတဲ့ ဧည့်သည်တွေလည်းပဲ မီဇိုးပြည်သူတွေက သူတို့ ဆန္ဒ သူတို့ရဲ့ ညွှန်ကြားချက်၊ သူတို့ရဲ့ ဥပဒေတွေ နည်းနည်းချိုးဖောက်ဟာတွေရှိတဲ့အခါကျတော့ ငါတို့ ပြည်နယ်မှာ မနေသင့်ဘူးဆိုပြီး ပြည်သူတွေက နှင်ထုတ်ထားတာရှိတယ်။ဆိုလိုတာက အဲဒါကိုဆိုလိုလိမ့်မယ်ကျနော်ထင်တယ်” ဟု ဆလိုင်းလျန်လွယ်က ပြောသည်။

အဖွဲ့အစည်းအသီးသီးက ကြားဝင်ညှိနှိုင်းမှုလက်လျှော့ထားပြီးဖြစ်၍ ဘာသာရေးခေါင်းဆောင်များ ကြားဝင်၍ မပြေလည်ပါက မီဇိုရမ်ဒေသ ပြည်သူများသဘောထားအတိုင်း အကောင်အထည်ဖော်မည့် အခြေအနေကို သတိပေးခြင်းဖြစ်သည်။

“စစ်ဘေးရှောင်တွေအားလုံး အားလုံး ကျနော်တို့ လက်နက်ကိုင်တွေရော MPတွေရော ဒီမှာ မှီခိုတဲ့ ကျနော်တို့ နိုင်ငံသား မှန်သမျှ ပြည်သူလက်ထဲအပ်မယ်ဆိုတဲ့အထိကျနော်တို့မှာဒီအဆင့်ထိရှိပါတယ်”ဟု ဆလိုင်းလျန်လွယ်က ပြောသည်။

ချင်းပြည်ကောင်စီ အဖွဲ့ဝင်တပ်အချို့နှင့် ချင်းညီနောင်အဖွဲ့ဝင်အချို့သည် ဖလမ်း၊ ထန်တလန်မြို့နယ်များ၌ တိုက်ပွဲများဖြစ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများက ချင်းအချင်းချင်းအကြား ပြဿနာများ နိုင်ငံရေးနည်းအရ ဆွေးနွေးဖြေရှင်းရန်တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

Facebook