Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမှာ လှည့်ကင်းထွက်လာတဲ့စစ်အုပ်စုကို တိုက်ခိုက်ရာ ခုနစ်ဦးသေဟု ရေဦးပကဖ ပြော

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်မှာ လှည့်ကင်းထွက်လာတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေပြီး လက်နက်အချို့ရရှိခဲ့တယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်ပြင်ဆင်နေသည့် ရေဦး ပကဖ ရဲဘော်များကိုတွေ့ရစဥ်။ ဓာတ်ပုံ − ရေဦး ပကဖ

စက်တင်ဘာ−၈၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်မှာ လှည့်ကင်းထွက်လာတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေပြီး လက်နက်အချို့ရရှိခဲ့တယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီကနေ့(စက်တင်ဘာ ၈ရက်) နံနက်၆ နာရီခွဲမှာ ကန့်ဘလူမြို့နယ် ဝက်တိုးကျေးရွာကနေ ကာဘိုးကျေးရွာဘက်ကို လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ၁၇ဦးကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ခုနစ်ဦးသေပြီး ကာဗိုင်၊MA 1 ၊ G3 နဲ့ ပြောင်းချော သေနတ်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“သေနတ်က စုစုပေါင်း ခုနစ်လက်ရတယ်”လို့ ရေဦးပကဖ တာဝန်ရှိသူက ပြောပါတယ်။

ကန့်ဘလူလှုပ်ရှားအဖွဲ့ (ပကဖ)၊ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

ဝက်တိုးနဲ့ ကားဘိုကျေးရွာ​က ကန့်ဘလူမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အားကောင်းတဲ့ ဒေသတွေ ဖြစ်ပါတယ်။

လက်ရှိ ကန့်ဘလူမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီက အင်အား ၃၀၀ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook