Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ၊ လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ဗျူဟာ(၅၂) ပေါ်ဦးစစ်ကြောင်းပြော

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်ကောင်စီစိုးမိုးနယ်မြေမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ ဗျူဟာ(၅၂) ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ကန့်ဘလူမြို့နယ်၏မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေနဲ့သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ ဓာတ်ပုံ − ပေးပို့

စက်တင်ဘာ−၈၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်ကောင်စီစိုးမိုးနယ်မြေမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ ဗျူဟာ(၅၂) ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၈ ရက်) နံနက်၆ နာရီခွဲမှာ ကန့်ဘလူမြို့နယ်က ဝက်တိုးနဲ့ ကားဘိုကျေးရွာကြားမှာ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“နယ်မြေအတွင်းရှိတဲ့ တော်လှန်ရေးအင်းအားတွေ စုပေါင်းညီညွှတ်စည်းစည်းလုံးလုံး လုပ်ဆောင်မှုကြောင်း ရလာတဲ့ အောင်ပွဲပါ။စကစ ၁၀ ယောက်သေတယ်”လို့ အထက်ပါတာဝန်ရှိသူက တိုက်ပွဲနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုမှာ MA-1 တလက်၊G3-တလက် ၊ကာဘိုင် နှစ်လက် ၊ပြောင်းချော တလက်နဲ့ စစ်အသုံးအဆောင် ပစ္စည်းတစ်ချို့ကို သိမ်းရတယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာန ဗျူဟာ (၅၂) ပေါ်ဦးစစ်ကြောင်း ၊တန့်ဆည်မြို့နယ် ပကဖ ၊ကန့်ဘလူခရိုင်လှုပ်ရှား ပကဖ ၊ပြည်သူ့လွပ်မြောက်ရေးတပ်မတော် PLA ၊ရေဦးမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဝက်တိုးနဲ့ ကားဘိုကျေးရွာ​ဟာ ကန့်ဘလူမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အားကောင်းတဲ့ ဒေသတွေ ဖြစ်ပါတယ်။

လက်ရှိ ကန့်ဘလူမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်က အင်အား ၃၀၀ခန့်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။