Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေကို တရက်တည်း နှစ်ကြိမ်တိုက်ခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို တရက်တည်း နှစ်ကြိမ်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း Generation Z Army – GZA တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အညာညီနောင်ပူးပေါင်းအဖွဲ့မှ တိုက်ပွဲဝင်ရဲဘော်အချို့ကို တွေ့ရစဥ်/ပုံဟောင်း

စက်တင်ဘာ-၁၀၊ ၂၀၂၅။ တူး/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို တရက်တည်း နှစ်ကြိမ်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း Generation Z Army – GZA တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၆ ရက်က ပွင့်ဖြူဝါစိုက်ပျိုးရေးတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့မှ အင်အား ၃၀ ခန့် ကျောင်းကုန်းကြီးကျေးရွာမှတဆင့် မဒဲကျေးရွာမြောက်ဘက်ကို စစ်ကြောင်းထိုးလာစဥ် GZAနဲ့ ပူးပေါင်းအဖွဲ့တွေက လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

တိုက်ခိုက်ချိန် မိနစ် ၃၀ ခန့်ကြာမြင့်ပြီး ရန်သူ့ဘက်က လေးဦးထိခိုက်သေဆုံးပြီး GZA နဲ့ ပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အဲဒီ စက်တင်ဘာ ၆ ရက်မှာပဲ မဲဇလီရဲစခန်းမှ အင်အား ၈၀ ပါစစ်ကြောင်းဟာ မဒဲကျေးရွာဘုန်းကြီးကျောင်းကို ရောက်ရှိလာရာ ညနေ ၄ နာရီလောက်မှာ အဲဒီစစ်ကြောင်းကို GZAနဲ့ ပူးပေါင်းတပ်ဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ရှောက်တော-မဲဇလီလမ်းပိုင်းကို ထွက်ပြေးသွားခဲ့ပြီး လမ်းပိုင်းတနေရာမှာ အသင့်ထောင်ထားတဲ့မိုင်းကွင်းနဲ့တိုးပြီး စစ်ကောင်စီဘက်က ၁၄ ဦးထိခိုက်သေဆုံးသွားကြောင်း Generation Z Army တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်အုပ်စုဘက်က သေဆုံးမှုအရေအတွက်နဲ့ပတ်သက်လို့ People’s Spring က သီးခြားအတည်မပြုနိုင်သေးပါဘူး။

“ပွဲပြီးနောက်ပိုင်းမှာ စကစ ဘက်က ကျောင်းကုန်းကြီးဘက်ကို ဘေးရွာကပျူတွေနဲ့ အင်အားထပ်ပေါင်းထားတယ်။ ရွာကိုင်ဘက်ကပျူတွေရယ်၊ ရေဘုတ်ကြီးကပျူတွေရယ်။ ပြီးကြတော့ ရန်သူ့စစ်ကြောင်းပြန်ဆုတ်ချိန်မှာ အနီးနားကတောတွေထဲမှာ ပျူသုံးဦးကျန်နေခဲ့လို့မို့ ပြန်ရှာဖို့အတွက် စစ်ကြောင်းပြင်နေတာလည်း ရှိတယ်”လို့ Generation Z Army ရဲ့အထွေထွေအတွင်းရေးမှူး ရဲဘော်ဖိုးချောက လူထုနွေဦးကို ပြောပါတယ်။

တိုက်ခိုက်မှုတွေအတွင်းမှာ ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူတွေကို စက်တင်ဘာ ၆ရက် ည ၇ နာရီလောက်မှာ ပွင့်ဖြူမြို့နယ် သမ္ဗာဆန္ဒ နာ/ကူယာဥ်နဲ့ နှစ်ခေါက်ခွဲပြီး လာရောက်သယ်ဆောင်သွားတယ်လို့ GZA တပ်ဖွဲ့က အသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို အညာညီနောင်တွေဖြစ်ကြတဲ့ GZA၊ BNRA၊ ပွင့်ဖြူ ပကဖနဲ့ မင်းဘူးခရိုင် ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook