Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်ကို စစ်တပ် ဗုံးကြဲလို့ ပြည်သူ ၅ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းက ရှားဆေးချက်ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တိရစ္ဆာန်တွေလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာကို စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်ထိခိုက်ပျက်စီးမှုများကို ဇူလိုင် (၃)ရက်က တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

စက်တင်ဘာ−၁၁၊၂၀၂၅၊မေ/People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းက ရှားဆေးချက်ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တိရစ္ဆာန်တွေလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၁ရက် ဒီကနေ့ မနက်၁နာရီ ၄၅မိနစ်မှာ စစ်ကောင်စီတပ်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုမှာ အသက်(၆၃)နှစ်အရွယ် ဦးစိုး၊အသက်(၅၉)နှစ်အရွယ် ဦးကြည်ဝင်း၊အသက်(၅၅)နှစ်အရွယ် ဒေါ်အင်း၊အသက်(၂၄)နှစ်အရွယ် မသဲစုမွန်၊အသက်၂၉နှစ်အရွယ် မောင်ပြည့်ဖြိုး အောင်တို့ ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အိပ်နေတဲ့ အချိန်ကြဲသွားတာ။ဒဏ်ရာပြင်းထန်တွေ လည်းပါတယ်။နွား၇ကောင်လည်း သေတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ရှားဆေးချက်ကျေးရွာဟာ မြောင်းသစ်ကျေးရွာရဲ့ အနောက်ဘက်မှာရှိပြီး စစ်ကြောင်းတွေ တိုက်ပွဲတွေရဲ့ အဝေးမှာရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီက မတ္တရာမြို့နယ်မှာ အရပ်ဘက်ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်တာတွေလုပ် နေပြီး နေ့စဉ် လေကြောင်းတိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။