Connect with us

Hi, what are you looking for?

သတင်း

ကျွန်းစုမှာ စစ်သင်္ဘောတစ်စီးနဲ့ ပျူစောထီးလှေတစ်စီးကို တိုက်ခိုက်

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီတပ်သင်္ဘောတစ်စီးနဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ စက်လှေတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကျွန်းစုမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ စစ်အုပ်စုရေယာဥ်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းစု ပကဖ

စက်တင်ဘာ-၁၁၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီတပ်သင်္ဘောတစ်စီးနဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ စက်လှေတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကျွန်းစုမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၀ ခန့်က ကျွန်းစုမြို့နယ်အတွင်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဆောင်ရွက်နေခြင်းရှိ၊မရှိ နယ်မြေရှင်းလင်းရေးလုပ်နေစဥ် 116 စစ်သင်္ဘောတစ်စီးနဲ့ ပျူစောထီးစက်လှေတစ်စီးကို မိုင်းတွေးရွာအနီး တိုက်ခိုက်ခဲ့တာလို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

“စစ်သင်္ဘောက ရှော်တောမော်ဘက်က လာတာဗျ။ ပျူစောထီးတွေလိုက်ပါလာတဲ့ ခရီးသည်တင်စက်လှေက မိုင်းတွေးကပဲ”လို့ ကျွန်းစုမြို့နယ် ပကဖ တာဝန်ရှိသူက စစ်ကောင်စီတပ်အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ချိန် မိနစ် ၂၀ ခန့်ကြာမြင့်ပြီး 116 စစ်သင်္ဘောနဲ့ ပျူစောထီးများ စီးလာတဲ့ ပါစင်ဂျာ‌လှေတွေဟာ တော်လှန်ရေးရဲဘော်တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကိုခံခဲ့ရပြီး ဝရုန်းသုန်းကား ထွက်ပြေးဆုတ်ခွာသွားကြတယ်လို့ ကျွန်းစု ပကဖ မှ အသိပေးပါတယ်။

“၂ ဦးထိခိုက်မှုရှိတယ်။ ၁ ဦး ရေထဲကျသေတယ်လို့ ကနဦးသိရပါတယ်။ အပြည့်အစုံကို ဆက် လက်စုံစမ်းဆဲပါ”လို့ ပကဖ တာဝန်ရှိသူက နောက်ဆက်တွဲအခြေအနေကို ပြောပါတယ်။

အထက်ပါတိုက်ခိုက်မှုမှ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့တွေရဲ့ ထိခိုက်သေဆုံးမှုအခြေအနေအပြည့်အစုံကို ဆက်လက်အတည်ပြုစုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

Facebook