Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်အရှေ့ခြမ်းမှာ စစ်တပ်က ပြည်သူတဦးသတ်ပြီး ၄၀လောက် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ (စက်တင်ဘာ ၁၁ရက်)မနက်မှာ ဒေသခံအမျိုးသားတဦးကို သတ်ပြီး အမျိုးသမီးတွေအပါအဝင်ပြည်သူတွေကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထပ်ထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်နယ်အရှေ့ခြမ်းမှာ စစ်တပ်က စစ်ကြောင်း မီးရှို့နေစဉ်။ ဓာတ်ပုံ − WIN

စက်တင်ဘာ-၁၁၊၂၀၂၅၊ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ (စက်တင်ဘာ ၁၁ရက်)မနက်မှာ ဒေသခံအမျိုးသားတဦးကို သတ်ပြီး အမျိုးသမီးတွေအပါအဝင်ပြည်သူတွေကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထပ်ထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လကတည်းက ဝက်လက်မြို့နယ် စဉ့် ကိုင်ရွာကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၁ ရက် ဒီနေ့မနက် ၇နာရီမှာ တပ်ရွာ(အထက်ရွာ)ကို မီးရှို့ခဲ့ပြီး ‌‌‌ဒေသခံ အမျိုးသား ကိုမျိုးဆိုသူကို သတ်ကာ အမျိုးသမီး၂ဦးနဲ့ အမျိုးသားတဦးတို့ကို ဓားစာခံ အဖြစ် ခေါ်သွားတယ်လို့သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ နှစ်ကြောင်းခွဲပြီး အနီးနားကျေးရွာတွေကို စစ်ကြောင်းထိုးနေသလို ရှိမ်းမကားရဲစခန်းနဲ့ သဲကျွန်းကနေလည်းစစ်ကြောင်းတွေ ထွက်လာပြီး တောင်ဘက်က စစ်ကိုင်းမြို့နယ်၊တလိုင်းရွာကို မီးရှို့ဖျက်ဆီး နေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာ မတ္တရာမြို့နယ်အနောက် ခြမ်းက စိန်ပန်းကုန်းကျေးရွာကိုလည်း အင်အားခွဲကာ ပူးပါင်းခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လကတည်းက စစ်ကြောင်းထိုးနေတဲ့ ဒီစစ်ကြောင်းကို ဒေသခံ PDFတပ်ရင်းတွေက ကာစစ် အနေ နဲ့သာရှိခဲ့ပြီး စီးနင်းတိုက်ခိုကိတာမျိုးမလုပ်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ဒီစစ်ကြောင်းမှာ ပြည်သူတွေအများကြီး ဓားစာခံ အဖမ်းခံထားရတယ်။ဝင်တိုက်စေချင်တာပေါ့ ပြည်သူတွေကတော့ အချင်းချင်း ညှိမရတာဆိုလား၊ဘာလားမသိပါဘူး‌ဗျာ။အခုတော့ ဟိုကောင်တွေက မီးပတ်ရှို့နေပြီ”လို့ ဒေသခံ တဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မိုးကြိုး၊တပ်ရွာနဲ့ စဉ့်ကိုင်ကျေးရွာက ပြည်သူ၄၀ ကျော်ကိုလည်း ဖမ်းဆီးထားသေးတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook