Connect with us

Hi, what are you looking for?

သတင်း

ဒီး​​မော့ဆိုတွင် စစ်ကောင်စီတပ်သားတဦး သေနတ်နှစ်လက်ယူလာပြီး အလင်းဝင်လာ

ကရင်နီပြည်နယ်၊ဒီး​​မော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်မှ တပ်သားတဦး လက်နက်နှစ်လက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ယနေ့(စက်တင်ဘာ၁၂ရက်) ထုတ်ပြန်သည်။

ဓာတ်ပုံ − အလင်းဝင်လာသော ခမရ(၄၂၈)တပ်ရင်းမှ တပ်သား စန်းဝင်းနိုင်

စက်တင်ဘာ−၁၂၊၂၀၂၅။ရဲခေါင် /People’s Spring

ကရင်နီပြည်နယ်၊ဒီး​​မော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်မှ တပ်သားတဦး လက်နက်နှစ်လက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ယနေ့(စက်တင်ဘာ၁၂ရက်) ထုတ်ပြန်သည်။

ခမရ(၄၂၈)တပ်ရင်းမှ တပ်သား စန်းဝင်းနိုင်သည် သြဂုတ် ၂ရက်က MA 1 တလက် နှင့် MA 3 တလက်ယူ ပြီး ထွက်ပြေးလာခြင်းဟု ဆိုသည်။

“နာမည်က စန်းဝင်းနိုင်ပါ။ပေါ်တာစဆွဲခံရတာက ချောက်မြို့ကနေ ရန်ကုန်သွားတော့ ချောက်ဂိတ်မှာပေါ်တာစဆွဲခံရတာ။ချောက်မြို့က ၁၃ တပ်ရင်းထဲမှာထားတယ်။သုံးရက်လောက်။ထားပြီဆိုကျွန်တော်တို့ကို အဲဒီကနေ ရှမ်းပြည်နယ်ကျိုင်းတောင်းမြို့ကိုပို့ပါတယ်။ပို့ပြီ ဆို ရှမ်းပြည်နယ် ကျိုင်းတောင်းမြို့မှာသုံးလ လောက်သင်တန်းတက်ရပါတယ်”ဟု အလင်းဝင်လာသူ တပ်သားစန်းဝင်းနိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းက ဆက်လက်၍ “သင်တန်းတက်ပြီးတော့ လွိုင်ကော်ကို ပို့ပါတယ်။လွိုင်ကော်ကနေ ဒီးမော့ဆိုကို ဆက်ပို့ပါတယ်။ဒီးမော့ဆို ကိုရောက်တော့ ကျွန်တော်တို့ အခွင့်အရေးရလာ တာနဲ့တပြိုင်တည်း ဒီဘက်တော်လှန်ရေး တပ်ဖွဲ့တွေဆီကို ဝင်ရောက်ပူးပေါင်းပါတယ်”ဟု ပြောသည်။

ထို့အပြင် တပ်တွင်း နေထိုင်ရမှုနှင့် အထက်အောက်ဖိနှိပ်မှုများသည် ဆိုးရွားပြီး အာဏာသိမ်းစဥ်ကတည်းက စစ်တပ်ကို လက်မခံကြောင်း တပ်သားစန်းဝင်းနိုင်က အသိပေးသည်။

အကြမ်းဖက်စစ်တပ်၏ လူတစ်စုကောင်းစားရေးအတွက် ပြည်သူအားဆန့်ကျင်ပြီး စစ်ကောင်စီ လက်အောက်တွင် မတရားတာဝန်ထမ်းဆောင် နေရသောတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်များထံ ဘက်ပြောင်းကာ ပြည်သူနှင့်အတူ အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ရန် KNDF တိုက်တွန်းသည်။ထို့အတူ ဘက်ပြောင်းခိုလှုံသူများကို မိသားစုသဖွယ် နွေးထွေးစွာကြိုဆိုမည်ဟု ကတိပြုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNDFအပါအဝင် ကရင်နီပြည်တော်လှန်ရေးအင်အားစုများထံ အလင်းဝင်ခိုလှုံသည့် စစ်ကောင်စီတပ်သား နှင့်ရဲ ၅၀၀ ထက်မနည်းရှိသည်။

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်တတိယပတ်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။