Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်ကကျေးရွာပအဖတာဝန်ခံ လုပ်ကြံခံရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ကျီးကန်(မြောက်ရွာ)ပအဖတာဝန်ခံဦးမင်းသန့် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စက်တင်ဘာ၁၂၊၂၀၂၅။မေ/ People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ကျီးကန်(မြောက်ရွာ)ပအဖတာဝန်ခံဦးမင်းသန့် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အလုပ်ကိစ္စတခု ကြောင့် နေအိမ်ကနေကျေးရွာတခုကိုသွားချိန် လှတောရွာ နဲ့ ကျီးကန်မြောက်ရွာကြားမှာ ပစ်ခတ်ခံရပြီး ဆေးရုံပို့တဲ့အချိန်မှာ သေ

ဆုံးခဲ့တာလို့ သိရပါတယ်။ဘယ်သူက လုပ်ကြံတယ် ဘာ​ကြောင့်လုပ်ကြံတယ်ဆိုတာကို​တော့မသိရ​သေးပါဘူး ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ မေလ ၂၃ ရက် နေ့ကလည်းဝက်လက်မြို့

နယ်မှာ မြို့နယ်ပအဖ ရုံးအဖွဲ့မှူး ဦးမျိုးအောင်ကို လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါ သေးတယ်။

ဝက်လက်မြို့နယ်မှာ ၂၀၂၅ ခုနှစ်အတွင်းမှာ Local PDF အဖွဲ့က ကျောက်စိမ်းသယ်လာတဲ့ကားကိုဓားပြတိုက်မှု၊ အဲဒီအဖွဲ့ကပဲ ရွာသာကြီးရွာက စစ်ဘေးရှောင် မိန်းကလေးငယ် တစ်ဦးကို သက်ငယ်မူဒိန်းကျူးလွန်မှု နဲ့ လှတောရွာဓားပြတိုက်မှုမှာ ပကဖ အချို့ ပါဝင်​နေတာ၊ ဂိတ်​ချပြီးဖြတ်သန်းသွားလာတဲ့ကား​တွေကို ​ငွေ​တောင်းတဲ့အတွက် ​ဝေဖန်မှု​တွေရှိ​နေပါတယ်။ Local PDF အဖွဲ့က​တော့ NUG လက်​​အောက်မှာ မရှိတဲ့အဖွဲ့လို့​ဒေသခံအချို့က​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook