Connect with us

Hi, what are you looking for?

သတင်း

လှိုင်းဘွဲ့မှာ ဆန်သယ်ယူပို့ဆောင်တာကိုစစ်ကောင်စီတင်းကျပ်

ကရင်ပြည်နယ် ၊လှိုင်းဘွဲမြို့နယ်မှာ ခွင့်ပြုချက်မရှိဘဲ ဆန်သယ်ယူပို့ဆောင်တာ ၊ သိုလှောင်တာတွေကို မပြုလုပ်ဖို့ စစ်ကောင်စီရဲ့ထွေအုပ်က အမိန့်ထုတ်ပြန်လိုက်ပြီးနောက် မြို့နယ်အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ တားမြစ်ပိတ်ပင်လာတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ -၁၄ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊လှိုင်းဘွဲမြို့နယ်မှာ ခွင့်ပြုချက်မရှိဘဲ ဆန်သယ်ယူပို့ဆောင်တာ ၊ သိုလှောင်တာတွေကို မပြုလုပ်ဖို့ စစ်ကောင်စီရဲ့ထွေအုပ်က အမိန့်ထုတ်ပြန်လိုက်ပြီးနောက် မြို့နယ်အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ တားမြစ်ပိတ်ပင်လာတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

လှိုင်းဘွဲမြို့နယ်ဟာ မြ၀တီ-ဘားအံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိပြီး လှိုင်းဘွဲမြို့နယ်နဲ့ ဆက်စပ်တဲ့နယ်မြေတွေမှာ တော်လှန်ရေးအဖွဲ့တွေ ဝင်ထွက်လှုပ်ရှားနေတယ်လို့ စစ်ကောင်စီရဲ့ မြို့နယ်ထွေအုပ်က ဆိုပါတယ်။

ဒါဟာ နယ်မြေလုံခြုံရေး၊ တည်ငြိမ်းအေးချမ်းရေးကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုပြီးအဲဒီအဖွဲ့အစည်းတွေရပ်တည်နေမှုအတွက် အထောက် အကူဖြစ်တဲ့ ဆန်ကိုသယ်ယူနေတာတားမြစ်ထိန်းချုပ်ဖို့ လိုအပ်နေပြီ လို့ စစ်ကောင်စီထွေအုပ်က စက်တင်ဘာလ ၃ ရက်မှာ အမိန့်ထုတ်တာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့် ဆန် ကို ပြင်ပကနေ လှိုင်းဘွဲမြို့နယ်ထဲကိုဖြစ်စေ ၊ လှိုင်းဘွဲမြို့နယ်ကနေ ပြင်ပကိုဖြစ်စေခွင့်ပြုချက်မရှိဘဲသယ်ဆောင်တာ ၊သိုလှောင် တာတွေ မပြုလုပ်ဖို့ အဲဒီအမိန့်မှာပါရှိပါတယ်။

စစ်ကောင်စီထွေအုပ်က အမိန့်ထုတ်ပြန်လိုက်ပြီးနောက် လှိုင်းဘွဲမြို့နယ်ရဲ့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ ဆန်သယ်ယူပို့ဆောင်တာတွေကို တားမြစ်ပိတ်ပင်လိုက်ပြီး ပေးမဖြတ်တော့ဘူးလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဘားအံ-လှိုင်းဘွဲ ကားလမ်း​ပေါ်မှာရှိတဲ့စစ်​ကောင်စီတပ် ရဲ့ တောင်ကလေးစစ်​ဆေး​ရေးဂိတ်မှာလည်း ခရီးသွားကား​တွေ ဆန်အိတ်သယ်​လာရင် ပေးမဖြတ်တော့ဘူးလို့ ရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့အခုလိုလုပ်ဆောင်ချက်ဟာဒေသတွင်းမှာရှိတဲ့ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၇ အပါအဝင် အခြားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူလူထုတွေအပေါ် ရိက္ခာဖြတ်ပြီး ဖိအားပေးချင်တာဖြစ်တယ်လို့လည်း ကရင်သတင်းရင်းမြစ်က သုံးသပ်ပါတယ်။

“လက်နက်ကိုင်အဖွဲ့နဲ့ ပြည်သူလူထုကို ဖိအားပေးချင်တာဖြစ်မယ်၊ နောက်ဆို တခြားကုန်ပစ္စည်းတွေ ပိတ်နိုင်တယ်” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

လှိုင်းဘွဲမြို့နယ်ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ အုပ်ချုပ်ရေးသတ်မှတ်ချက်အရ ဖားအံခရိုင်၊ တပ်မဟာ ၇ အုပ်ချုပ်နယ်မြေထဲမှာရှိပြီး အဲဒီနယ်မြေ မှာ KNU တပ်မဟာ ၇ အပြင် ကရင်နယ်ခြားစောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)တွေလည်း လှုပ်ရှားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။