Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနဲ့ဆက်စပ်သူတွေဆီကသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကိုကန့်ဘလူပအဖမီးရှို့

စစ်ကောင်စီနဲ့ဆက်စပ်သူတွေဆီကနေ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့(စက်တင်ဘာ၁၄ရက်) ထုတ်ပြန်ပါတယ်။

သိမ်းရတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - ကန့်ဘလူ ပအဖ

စက်တင်ဘာ-၁၄၊၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကောင်စီနဲ့ဆက်စပ်သူတွေဆီကနေ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ (စက်တင်ဘာ၁၄ရက်) ထုတ်ပြန်ပါတယ်။

ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မြို့နယ်တရားရုံးကနေ အမှုစီရင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတရားခံတွေက စစ်ကောင်စီနဲ့ ဆက်စပ်သူတွေဖြစ်ပြီး ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေး အကျဥ်းထောင်တွေမှာ ထိန်းသိမ်းထားတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနဲ့ဆက်စပ်သူတွေဆီက ဘိန်းဖြူဆပ်ပြာခွက် ကိုးခွက် ၊ WY စိတ်ကြွမူးယစ်ဆေးပြား ၂,၂၄၉ ပြားနဲ့ ဆက်စပ်ပစ္စည်းတွေကို မြို့နယ်တာဝန်ရှိသူတွေအပါအဝင် အများပြည်သူရှေ့မှောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ စစ်ကောင်စီနဲ့ဆက်စပ်သူတွေက ဘယ်သူဖြစ်တယ်ဆိုတာနဲ့ အမိန့်ပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ ကန့်ဘလူ ပအဖ ကို လူထုနွဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ၁၇ ရက်ကလည်း ကန့်ဘလူမြို့နယ်တွင် ဖမ်းဆီးရမိတဲ့ ဘိန်းဖြူ ဆပ်ပြာခွက် ( ၈၈ ) ခွက်၊ဘိန်းမဲ နှစ်ပိဿာ ( ၂၅ ) ကျပ်သား နဲ့ WY စိတ်ကြွမူးယစ်ဆေးပြား ၅,၆၀၀ ကို ပထမ အကြိမ် ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူ ပအဖ က ထုတ်ပြန်ထားပါတယ်။

ကန့်ဘလူမြို့နယ်မှာ နယ်မြေပြန်စိုးမိုးဖို့အထူးသဖြင့် ရွှေဘို -မြစ်ကြီးနားလမ်းပိုင်းပေါ်က ကန့်ဘလူ ဒေသ ကို စစ်ကောင်စီက အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုး တပ်စွဲတာတွေရှိနေပါတယ်။

အမှတ် (၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၁၀)လက် အောက်ခံကလေးမြို့အခြေစိုက် ခလရ(၃၆၁) တပ်ရင်းကဦးဆောင်ပြီး ပျူစောထီးတွေနဲ့ ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်အနောက်ခြမ်း၊တန့်ဆည်မြို့နယ်မြောက်ခြမ်းနှင့်ကျွန်းလှမြို့နယ်အရှေ့ တောင်ခြမ်းက ကျေးရွာ တွေမှာ သင်္ကန်းဝတ်ဝါသဝကဦးဆောင်ပြီး ပြည်သူ့စစ်တွေ ဖွဲ့စည်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook