Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာက လမ်းဘေးတွေမှာ ၃ ရက်အတွင်းအလောင်း ၂ လောင်းတွေ့

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က လမ်းဘေးတွေမှာ ၃ ရက်အတွင်း ရုပ်အလောင်း ၂ လောင်းကိုတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

လမ်းဘေးတွေ့သည့် အမျိုးသားရုပ်အလောင်းအား လူမှုကူညီရေးအသင်းက လာရောက်ကောက်ယူစဥ်။ ဓါတ်ပုံ-ဟိန္ဒူမျိုးဆက်သစ်

စက်တင်ဘာ-၁၅၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က လမ်းဘေးတွေမှာ ၃ ရက်အတွင်း ရုပ်အလောင်း ၂ လောင်းကိုတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၁၃ ရက်ညနေကမိတ္တီလာမြို့နယ်၊သီးကုန်းကျေးရွာအနီးမှာ အမျိုးသမီးရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အလားတူစက်တင်ဘာ၁၅ ရက်မနက်ပိုင်းကလည်း မိတ္ထီလာမြို့၊ နန်းတော်ကုန်းကန်ဘောင်အနီးမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အမျိုးသားရုပ်အလောင်းတစ်လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အမျိုးသားက အသက် ၃၀ အရွယ်လောက်ရှိတယ်။ထိုးသွင်းဒဏ်ရာတွေ့တယ်”လို့ လူမှုကူညီရေးအသင်းတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။

မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း လက်ဖက်ရည်ဆိုင်ဝန်ထမ်းချင်းစကားများရာက ဓားထိုးမှုဖြစ်ပွားပြီး အသက် ၁၇ နှစ်အရွယ် စားပွဲထိုးတဦး သေဆုံးခဲ့ပါသေးတယ်။

မိတ္ထီလာမြို့ဟာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ အများအပြားရှိပေမယ့်လုယက်မှုတွေ၊ ခိုးယူမှုစတဲ့ ဒုစရိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်​လေယာဥ်၊ရဟတ်ယာဥ်ပျက်ကျမှုအနည်းဆုံး ၁၀ စီးရှိလာ

Facebook