Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းမှာPDF ​တွေကစစ်တပ်ကိုနေရာ ၂ ​နေရာမှာတိုက်ခိုက်

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမပေါ်မှာဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနေရာ ၂ နေရာမှာတိုက်ခိုက်ခံရပြီးအထိအခိုက်များကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာ-မန္တလေးလမ်းပေါ်ကစစ်အုပ်စုကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့စဥ်။ဓာတ်ပုံ-File Video

စက်တင်ဘာ-၁၆၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမပေါ်မှာဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနေရာ ၂ နေရာမှာတိုက်ခိုက်ခံရပြီးအထိအခိုက်များကြောင်း ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက်၄ နာရီခွဲခန့်ကမုံရွာ-မန္တလေးလမ်းပေါ်က မုံရွေးတိုးဂိတ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေပါ အသိမ်းခံလိုက်ရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

“အဲဒီဂိတ်မှာတောပုကပျူတွေကောပါတယ်။ တောပုက ပျူတယောက်သေပြီး တယောက်ဆေးရုံရောက်သွားတယ်လို့ကြားတယ်။ ဖြစ်ပြီးတော့ အိမ်စီးကားတွေနဲ့ခေါ်သွားတာ။ စစ်သားအထိအခိုက်ကတော့ မသိရဘူး။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်သား ၈ ဦးသေဆုံးပြီး လက်နက် ၅ လက်ပါသိမ်းဆည်းရခဲ့တယ်လို့​ဒေသတွင်းသတင်းရင်း
မြစ်အချို့က​ပြောပါတယ်။ဒါ​ပေမယ့် People’s Spring က သီးခြားအတည်ပြုလို့မရသေးပါဘူး။

အလားတူ မုံရွာ-မန္တလေးလမ်းပိုင်းက အခြားနေရာတခုမှာလည်း မနက် ၈ နာရီခွဲလောက်က ပြည်သူတွေကို စစ်ဆေးငွေတောင်းနေတဲ့ စစ်ကောင်စီအုပ်စုကို အဝေးထိုင်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ၄ ဦး သေဆုံးသွားကြောင်းမုံရွာခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အနီးဝန်းကျင်မှာဂိတ်တွေရှိတယ်။ မုံရွာ-မန္တလေးလမ်းပေါ်မှာ ဂိတ်တခုနဲ့တခုကမဝေးဘူး။ အဲဒီကြားထဲကနေ ထွက်ကြတာ။”လို့ ၎င်းက ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ တပ်ခွဲ (၂) 5/ Commando Force၊ တပ်ရင်း (၂၈) တပ်ခွဲ (၃)၊ တမူးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၄) တပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။

ပြည်သူများ အနေနဲ့ မုံရွာ- မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီယာဥ်တန်းနဲ့တွေ့ပါက ကပ်မလိုက်ဖို့ တပ်ရင်း(၄)က မေတ္တာရပ်ခံထားပါတယ်။

တိုက်ပွဲတွေဖြစ်နေလို့ မုံရွာ-မန္တလေးလမ်းကို မနက်ခင်းတပိုင်းလုံး လမ်းပိတ်ထားခဲ့ပြီး နေ့လယ်ပိုင်းမှာ ပြန်ဖွင့်ခဲ့ပေမဲ့ ယာဥ်သွားယာဥ်လာရှင်းနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook