Connect with us

Hi, what are you looking for?

သတင်း

တရုတ်က အင်တာနက် ဆင်ဆာ တည်းဖြတ် နည်းပညာတွေကို မြန်မာဆီ တင်ပို့ထားကြောင်း ပေါက်ကြားလာ

တရုတ်ရဲ့ အင်တာနက် ဆင်ဆာ တည်းဖြတ်မှု လုပ်ထုံးလုပ်နည်းဆိုင်ရာ အချက်အလက်ဖိုင်တွေ ပေါက်ကြားလာရာမှာ မြန်မာနိုင်ငံကိုလည်း အဲဒီလို ဖြတ်တောက် ပိတ်ဆို့မှု နည်းပညာတွေ တင်ပို့ထားကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဓာတ်ပုံ - Getty/Guardian

တရုတ်ရဲ့ အင်တာနက် ဆင်ဆာ တည်းဖြတ်မှု လုပ်ထုံးလုပ်နည်းဆိုင်ရာ အချက်အလက်ဖိုင်တွေ ပေါက်ကြားလာရာမှာ မြန်မာနိုင်ငံကိုလည်း အဲဒီလို ဖြတ်တောက် ပိတ်ဆို့မှု နည်းပညာတွေ တင်ပို့ထားကြောင်း တွေ့ရှိခဲ့ရပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့တုန်းက ၅၀၀ ဂဂ္ဂါဘိုက်ကျော်လောက်ထိ ပမာဏ များပြားတဲ့ တရုတ်ရဲ့ အင်တာနက် ဆင်ဆာ တည်းဖြတ်မှု စနစ်တွေနဲ့ လုပ်ထုံးလုပ်နည်း ဖိုင်တွေ အင်တာနက်ပေါ် ပေါက်ကြားလာတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အရင်းအမြစ် ကုတ်ဒ်တွေ၊ အလုပ်စာရင်းတွေ၊ အတွင်းပိုင်း ဆွေးနွေးပြောဆိုမှုတွေ၊ နည်းပညာပိုင်း လမ်းညွှန်မှုတွေ ပါဝင်ခဲ့ပါတယ်။

အဲဒီဖိုင်တွေဟာ တရုတ်မှာ Great Firewallလို့ နာမည်ကြီးတဲ့ အင်တာနက် ဆင်ဆာဖြတ်တောက်မှု စနစ်ကြီးက ဘယ်လို တည်ဆောက်ထားသလဲ၊ ပြီးတော့ ဘယ်လို လည်ပတ်နေသလဲ ဆိုတာကို မြင်သာလာစေတယ်လို့ နည်းပညာရေးရာ စောင့်ကြည့် လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။ ပြီးတော့ ဆင်ဆာ စောင့်ကြည့် ဖြတ်တောက်မှု နည်းပညာပိုင်းနဲ့ ပတ်သက်ရင် ကမ္ဘာပေါ်မှာ ကြုံဖူးသမျှ ပေါက်ကြားမှု တစ်ခုလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ အဲဒီ စာရွက်စာတမ်း မှတ်တမ်းတွေဟာ တရုတ် သိပ္ပံအကယ်ဒမီ လက်အောက်ခံ ဓာတ်ခွဲခန်း တစ်ခုဖြစ်တဲ့ Geedgeနဲ့ ဆက်နွှယ်နေတာကိုလည်း တွေ့ရပါတယ်။

အဲဒီ စနစ်တွေထဲမှာ VPN အသုံးပြုမှုတွေကို ထောက်လှမ်း ပိတ်ဆို့တဲ့၊ လက်ဗွေဖတ် စနစ်ဆိုင်ရာ အချက်အလက်တွေကို ရှာဖွေတဲ့၊ Login ဝင်မှုတွေကို ခြေရာခံတဲ့ DPIဆိုတဲ့ နည်းပညာတွေ အကြောင်းလည်း ပါဝင်လာပါတယ်။ အဓိကကျတဲ့ ထုတ်ကုန် တစ်ခုကတော့ Tiangouဆိုတာဖြစ်ပြီး အဲဒါက တရုတ်မှာ သုံးနေတဲ့ Great Firewallရဲ့ ပြည်ပကို တင်ပို့တဲ့ ဗားရှင်းဖြစ်ပါတယ်။ Tiangouရဲ့ အစောပိုင်း အဆင့်တွေကို HPနဲ့ Dell ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဆာဗာတွေပေါ်မှာ လည်ပတ်စေခဲ့ပေမယ့် နောက်တော့ တရုတ်က ထုတ်လုပ်တဲ့ hardwareတွေဆီ ရွှေ့ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကြားလာတဲ့ မှတ်တမ်းတွေထဲက တစ်ခုမှာတော့ Tiangouကို မြန်မာနိုင်ငံမှာလည်း အသုံးပြုနေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ အချက်အလက် စင်တာပေါင်း ၂၁ ခုမှာ ထည့်သွင်းထားတဲ့ အဲဒီစနစ်ဟာ အင်တာနက် ချိတ်ဆက်မှုပေါင်း ၈၁ သန်းကို တပြိုင်တည်း စောင့်ကြည့်ပြီး အစိုးရပိုင် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီက အဓိက တာဝန်ယူ ကိုင်တွယ်ပေးနေတယ်လို့ သိရပါတယ်။

Geedgeဟာ အင်တာနက် ဆင်ဆာဖြတ်တောက်မှုနဲ့ ပတ်သက်တဲ့ နည်းပညာ ထုတ်ကုန်တွေကို ပါကစ္စတန်၊ အီသီယိုးပီးယား၊ ကာဇက်စတန်စတဲ့ နိုင်ငံတွေကိုလည်း တင်ပို့နေတာကို ပေါက်ကြားမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ပါကစ္စတန်မှာတော့ တရုတ်ဆီကနေ မှာယူတဲ့ အဲဒီ နည်းပညာ ပစ္စည်းတွေဟာ မိုဘိုင်းကွန်ရက်တွေကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်တဲ့ ပိုကြီးမားတဲ့ ထောက်လှမ်းရေး နည်းပညာ ကွန်ရက်ရဲ့ အစိတ်အပိုင်းတွေအဖြစ် အသုံးချနေတယ်ဆိုတာ သိရပါတယ်။

အဲဒီ အချက်အလက်ဖိုင်တွေ ပေါက်ကြားမှုက တရုတ်ဟာ ပြည်တွင်းမှာ တင်းကျပ်တဲ့ ဆင်ဆာတည်းဖြတ် စောင့်ကြည့်မှုတွေ လုပ်ဆောင်နေရုံသာ မကဘဲ လူထုရဲ့ အခြေခံ အခွင့်အရေးတွေအပေါ် ဖိနှိပ်အုပ်ချုပ်တဲ့ တခြား အစိုးရတွေဆီကိုပါ ဆက်စပ် နည်းပညာတွေ တင်ပို့နေတယ် ဆိုတာကို အတည်ပြုပေးနေခဲ့ပါတယ်။ အရင်းအမြစ် ကုတ်ဒ်တွေပါ ပေါက်ကြားမှုက ပညာရှင်တွေ အနေနဲ့ အဲဒီစနစ်တွေရဲ့ အားနည်းချက်တွေကို ရှာဖွေပြီး ကျော်လွှားနိုင်မယ့် နည်းတွေ ရှာဖွေဖို့ အထောက်အကူ ဖြစ်စေမယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့လည်း အဲဒီလို စမ်းသပ်တာမျိုးတွေကို တရုတ် အာဏာပိုင်တွေ လက်လှမ်းမီလောက်တဲ့ နေရာတွေမှာ မလုပ်ကြဖို့တော့ နည်းပညာ လုံခြုံရေး ပညာရှင်တွေက သတိပေးထားပါတယ်။

ကိုးကား: Interesting Engineering

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။