Connect with us

Hi, what are you looking for?

သတင်း

ကျောင်းသူကိုလက်ဖြတ်ခဲ့တဲ့မြန်မာတစ်ဦးနဲ့အပေါင်းပါတွေကိုထိုင်းရဲဖမ်းဆီး

ကျောင်းသူမိန်းကလေးတစ်ဦးရဲ့ လက်ကို ဖြတ်ပစ်ခဲ့တဲ့ အုပ်စုဖွဲ့ ရမ်းကားတိုက်ခိုက်မှုမှာ ခေါင်းဆောင် မြန်မာနိုင်ငံသား လူငယ် အပါအဝင် သံသယ တရားခံ အားလုံးကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းရဲတွေက ကြေညာခဲ့ပါတယ်။

စိုင်းအိုက်မောင်ကို မယ်ထာ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးစဉ်။ ဓာတ်ပုံ - Bangkok Post

စက်တင်ဘာ – ၁၉ ၊၂၀၂၅

ကျောင်းသူမိန်းကလေးတစ်ဦးရဲ့ လက်ကို ဖြတ်ပစ်ခဲ့တဲ့ အုပ်စုဖွဲ့ ရမ်းကားတိုက်ခိုက်မှုမှာ ခေါင်းဆောင် မြန်မာနိုင်ငံသား လူငယ် အပါအဝင် သံသယ တရားခံ အားလုံးကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းရဲတွေက ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က ချင်းမိုင်ရဲ့ မွမ်ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုမှာ ကျောင်းသူကျောင်းသား ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ၁၄ နှစ်အရွယ် မိန်းကလေးကတော့ လက်တစ်ဖက်ပါ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့ရဲ့ လက်ထောက် ကော်မရှင်နာ ပရာချူယပ် ဝမ်ဆွတ်ခ်က တိုက်ခိုက်မှုမှာ ဆက်စပ်ပါဝင်သူ ၁၅ ယောက်စလုံးကို စက်တင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ဖမ်းဆီးရမိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့တွေဟာအပြင်းအထန်နာကျင်စေမှု ဂိုဏ်းဂဏဖွဲ့ တိုက်ခိုက်မှု၊ အများပိုင်ဧရိယာမှာ တရားမဝင် လက်နက် ကိုင်ဆောင်မှုတွေနဲ့ စွဲချက်တင် ခံရမှာလို့ ပရာချူယပ်က ဆိုပါတယ်။

တိုက်ခိုက်မှုရဲ့ အဓိက တရားခံက အသက် ၂၄ နှစ်အရွယ် စိုင်းအိုက်မောင်ဖြစ်ပြီး သူဟာ ဘန်ကောက်မြို့ဆီ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် လမ်ဖွန်ပြည်နယ်ထဲက မယ်ထာ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။

ရဲတွေက စိုင်းအိုက်မောင်ရဲ့ ကြံရာပါတွေက ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုတော့ တိတိကျကျ မကြေညာထားပါဘူး။

ညပိုင်းအချိန် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ စိုင်းအိုက်မောင်ဟာ ကိုင်းခုတ်ဓား တစ်လက်ကို ကိုင်ဆောင်ပြီး မိန်းကလေးကို ရန်မူခဲ့တာ ဖြစ်ပါတယ်။

သူက ဒီကိစ္စမှာ လူမှားပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း၊ ခေါင်းစွပ်စွပ်ထားတဲ့အတွက် အဲဒီကျောင်းသူကို မိန်းကလေးမှန်း မသိဘဲ ယောက်ျားလေးလို့သာ ထင်မိခဲ့ကြောင်း၊ သူ့လုပ်ရပ်အတွက် နောင်တရမိကြောင်း စိုင်းအိုက်မောင်က ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။

သူဟာ မတ်လတုန်းကလည်း အလားတူ ဓားကိုင်ရမ်းကားပြီး ပြိုင်ဘက် ဂိုဏ်းအဖွဲ့ တစ်ခုနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အဖမ်းခံရဖူးပါတယ်။ ဒီလို ပြစ်မှုဟောင်း ရှိခဲ့တဲ့တိုင် သူဟာ ပြန်လွတ်လာချိန်မှာ ပုံစံတူ ထပ်ပြီး ကျူးလွန်ခဲ့တာလို့ ရဲတွေက ပြောကြားသွားပါတယ်။

ကျောင်းသူကျောင်းသားတွေကို စိုင်းအိုက်မောင်တို့က ဘာကြောင့် တိုက်ခိုက်ခဲ့သလဲ၊ လူမှားခဲ့တယ်ဆိုတဲ့ ကိစ္စကရော အမှန်လား ဆိုတာမျိုး အသေးစိတ် အကြောင်းအရာတွေကိုတော့ ရဲတွေက မကြေညာသေးပါဘူး။

ထိုင်းမှာ ကမ္ဘာလှည့် ခရီးသွားတွေအပေါ် တိုက်ခိုက်မှုတွေကို ဟန့်တားဖို့ အစီအမံသစ်တွေကို ရဲတပ်ဖွဲ့က စတင် ရေးဆွဲကျင့်သုံးနေပြီး မကြာခင်မှာပဲ အခုပြဿနာနဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်ထဲမှာ ရဲတွေက တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို စီးနင်း ဖြိုခွင်းခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ချင်းမိုင် အပါအဝင် ထိုင်းမြောက်ပိုင်း ပြည်နယ် ၃ ခုကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ဇုန်တွေအဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံသားလူလတ်တန်းစား မိသားစုတွေ ပြောင်းရွှေ့ အခြေချလာခြင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရဲ့ စီးပွားရေး တိုးတက်မှုကို အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ ၁၄ နှစ်အရွယ် ထိုင်းမိန်းကလေးကိုဓားထောက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။