Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်တစ်လျှောက်စိမ့်ဝင်​နေ​သော ARSA ၊RSOအဖွဲ့များ၏အကြမ်းဖက်မှုများကိုကာကွယ်ရန်လုံခြုံ​ရေးတိုးမြှင့်မည် ၊ပြည်သူများပူး​ပေါင်းပါဝင်ရန်ULA/AA ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ခြေကုပ်ရယူပြီး နယ်စပ်တစ်လျှောက်စိမ့်ဝင်နေသည့် ARSA ၊ RSO အဖွဲ့များ၏ အကြမ်းဖက်မှုများကို ကာကွယ်တိုက်ဖျက်ရန်လုံခြုံရေးတိုးမြှင့်သွားမည်ဖြစ်ပြီး ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ‌နေပြည်သူများ ပူးပေါင်းပါဝင်ကြရန်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ယနေ့(စက်တင်ဘာ၁၉ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

အာရက္ခတပ်တော်(AA)မှ ရဲဘော်တဦး လုံခြုံရေးဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − AA

စက်တင်ဘာ−၁၉၊၂၀၂၅။လူ​အေး/People’s Spring

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ခြေကုပ်ရယူပြီး နယ်စပ်တစ်လျှောက်စိမ့်ဝင်နေသည့် ARSA ၊ RSO အဖွဲ့များ၏ အကြမ်းဖက်မှုများကို ကာကွယ်တိုက်ဖျက်ရန်လုံခြုံရေးတိုးမြှင့်သွားမည်ဖြစ်ပြီး ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ‌နေပြည်သူများ ပူးပေါင်းပါဝင်ကြရန်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ယနေ့(စက်တင်ဘာ၁၉ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူစစ်ကောင်စီအား တိုက်ခိုက်ပြီးသိမ်းပိုက်ထားသော နယ်မြေများအတွင်း၌ ပြည်သူ့ဝန်ဆောင်မှုများနှင့် ပြည်သူ့ လုံခြုံရေးတို့ကို တာဝန်ယူဆောင်ရွက်နေချိန်နှင့် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များ နယ်စပ်ဒေသများ၌ ခုခံနေစဉ် ပြည်သူ့လုံခြုံရေးများအချိန်ပြည့် မဆောင်ရွက်

နိုင်သေးသည်ကို အခွင့်ကောင်းယူလျက်ARSA ၊ RSO စတပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ခြေကုပ်ရယူပြီး နတ်မြစ်နှင့် မယူတောင် လမ်းကြောင်းများမှတစ်ဆင့်မောင်တောခရိုင်အတွင်းသို့ စိမ့်ဝင်ရောက်နေသည်ဟု ULA/AAက​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မောင်တောခရိုင်အတွင်း ခိုးဝင်ရောက်ရှိလာကြသော အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့များသည် လူသူကင်းဝေးသောတောတောင်များ၊ လူပြတ်သောနေရာများ၌ ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ် သွားလာနေကြသော ဒေသခံပြည်သူလူထုများထဲမှ မူဆလင်မဟုတ်သောသူများအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်းများကို ယခုရက်များတွင် ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။ အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့များသည် အာရက္ခတပ်တော်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေသည့်ပုံစံမျိုး တိုက်ပွဲအတုများ ဖန်တီးကာ ၎င်းတို့ကို ပိုမိုထောက်ခံလာစေရန် ဝါဒဖြန့်လှုံ့ဆော်လျက်ရှိသည်ဟု ထပ်မံဖော်ပြထားသည်။

AAယူနီဖောင်းဝတ်ထားသူတစ်ဦးကိုသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီးသွားသည့်ရုပ်သံကို ARSAက စက်တင်ဘာလ ၁၇ ရက်နေ့တွင်ရုပ်သံဖြန်ချီခဲ့သည်။

ထို့အပြင် တောတောင်နှင့် လူသွားလူလာပြတ်သည့်နေရာများ၌တွေ့သော မူဆလင်မဟုတ်သော အာရက္ခဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ပြီး အာရက္ခတပ်တော်ယူနီဖောင်းကိုလဲလှယ်ကာ တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်များဖမ်းဆီးရမိသည့်ပုံစံမျိုးအဖြစ် လုပ်ကြံဖန်တီး၍ ဆိုရှယ်မီဒီယာစာမျက်နှာများထက်တွင် ပုံမှားရိုက်လှည့်စားပြီး ၎င်းတို့အပေါ် ထောက်ခံသော အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့များထံမှ အားပေးမှု၊ ထောက်ပံ့မှုများ ပိုမိုရရှိရန် ကြိုးစားလျက်ရှိသည်များကိုလည်း တွေ့ရှိနေရသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် နေထိုင်ကြသော အာရက္ခမိဘပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေသောကြောင့် လုံခြုံရေးအရ သတိထားရမည့် အချိန်ကာလဖြစ်ဟုလည်း သတိပေးထားသည်။ ထို့ကြောင့် အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင်နေထိုင်ကြသော အာရက္ခပြည်သူများအနေဖြင့် တောတောင်ထဲနှင့် လူပြတ်သောနေရာများ၌ သွားလာကြသောအချိန်များတွင် တစ်ဦးတည်း (သို့) လူအနည်းစုဖြင့် သွားလာကြသည်များကို အတတ်နိုင်ဆုံး မပြုလုပ်ကြပါရန်နှင့် ကျန်းမာရေးကိစ္စ၊ မသွားမဖြစ် သွားလာရမည့် အရေးကြီးကိစ္စများရှိပါက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များရှိရာ အနီးစပ်ဆုံးနေရာများ၌ သတင်းပေးပို့ပြီးမှ သွားလာကြပါရန် လုံခြုံရေးသတိပေးထားသည်။

ထို့အပြင် အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် နေထိုင်ကြသော အာရက္ခပြည်သူများ အနေဖြင့် ULA/AA နှင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

ULA/AA သည် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များကိုလည်း အာရက္ခဒေသ၏ အစပ်များ၌ ခုခံစစ်များအဖြစ် နေ့တိုင်းဆင်နွှဲနေသည်ဟု အသိပေးထားသည်။

AAသည် ပြီးခဲ့သည့်၂၀၂၄ခုနှစ်က မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေစဉ် ARSA ၊ RSO တပ်ဖွဲ့ဝင်များ၏ အန္တရာယ်သည် ရခိုင်ပြည်နယ်၌သာမက နယ်စပ်ဒေသတည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေသည်ဟုသတိပေးခဲ့ဖူးသည်။စစ်ကောင်စီသည် ဘူးသီးတောင်နှင့်မောင်တောမြို့ကို AA မသိမ်းပိုက်နိုင်သေးခင်ဖြစ်ပွားသည့်တိုက်ပွဲများ၌ ဒေသတွင်းရှိမွတ်ဆလင်များအား စစ်သင်တန်းပေး၍ လက်နက်များတပ်ဆင်ကာ ခုခံတိုက်ခိုက်ခဲ့သည်။ ထို့အပြင် ARSA ၊ RSO တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက လက်နက်များထုတ်ပေးထားကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ULA/AAနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ သံတမန်‌ရေးအဆင်ပြေမှာကို မနာလိုတဲ့အုပ်စု​တွေရဲ့လုပ်ကြံမှုဟုအသိ​ပေး

သတင်း

ARSAအဖွဲ့က ခရီးသွား ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှု ဆက်လက်လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော်(AA)က အောက်တိုဘာ ၂၃ရက် မနေ့က သတင်းထုတ်ပြန်ခဲ့ပြီး နယ်စပ်က ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ သတိပြုဖို့၊ မဖြစ်မနေမှသာ သွားလာဖို့၊ လိုအပ်ရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတင်းပို့ သွားလာဖို့ ထပ်မံ သတိပေးခဲ့ပါတယ်။

သတင်း

ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ အဆက်အစပ်ရှိကြောင်း စွပ်စွဲချက်တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က ငြင်းဆန်သွားခဲ့ပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အာရက္ခတပ်တော်(AA)ရဲ့ စခန်းကို ARSA အဖွဲ့က တိုက်ခိုက်လာတဲ့ ဖြစ်ရပ်ကို AAက စက်တင်ဘာ ၂၇ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပြီး ARSAဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ခဲယမ်းထောက်ပံ့မှု၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB) အရာရှိအချို့ရဲ့ အားပေးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေလုပ်ဆောင်နေတာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။