Connect with us

Hi, what are you looking for?

သတင်း

ပြည်ပကုန်ပစ္စည်းများ စစ်ကောင်စီကန့်သတ်ပြီးနောက် ကလေးနို့မှုန့်အတုများ စျေးကွက်အတွင်း ရောင်းချလာ

ပြည်ပကုန်ပစ္စည်းများ စစ်ကောင်စီကန့်သတ်ပြီးနောက် ကလေးနို့မှုန့်အတုများ ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလာကြောင်း သတင်းရရှိသည်။

ကလေးနို့မှုန့်အတုများ ဝင်ရောက်လာမှုအပေါ် ပြသထားစဉ်။ ဓာတ်ပုံ − FDA

စက်တင်ဘာ-၂၀ ၊ ၂၀၂၅။ရဲခေါင်/People’s Spring

ပြည်ပကုန်ပစ္စည်းများ စစ်ကောင်စီကန့်သတ်ပြီးနောက် ကလေးနို့မှုန့်အတုများ ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလာကြောင်း သတင်းရရှိသည်။

နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်စာ Dumex Dupro အမှတ်တံဆိပ်ပါ ကုန်ပစ္စည်အတုများသည် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလာကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ယနေ့(စက်တင်ဘာ ၂၀ ရက်)တွင် ထုတ်ပြန်သည်။

ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် နို့မှုန့်အတုကို ဝယ်ယူခြင်းမပြုရန် အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကလေးနို့မှုန့်အတုများ ဝင်ရောက်လာမှုအပေါ် ပြသထားစဉ်။ ဓာတ်ပုံ − FDA

Dumex Duproအတုသည် ဒူးမတ်ဟု မြန်မာစာသားကို (တ်)ဖြင့် စာလုံးပေါင်းထားပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူအမည်၊လိပ်စာ မူရင်းထုတ်လုပ်သည့် Danone ကုမ္ပဏီ Logo နှင့် Call Certer ဖုန်းနံပါတ်မပါဟု ဖော်ပြထားသည်။

Dumex ကို DKSH မြန်မာက တင်သွင်းခွင့်ရရှိထားခြင်းဖြစ်ပြီး မွေးကင်းစမှ (၂)နှစ်အရွယ်ထိ မိခင်နို့ရည်အစားထိုးတိုက်နိုင်သည့် Dumex Dupro သည် ဂရမ်အလိုက် တစ်ဘူးလျှင် ကျပ်နှစ်သောင်းကျော်မှ ကျပ် တစ်သိန်းဝန်းကျင် ရှိသည်။

“City Mart လိုနေရာမျိုးတောင် နို့နဲ့ နို့ထွက်ပစ္စည်း တွေ အရင်လို ရွေးချယ်စရာ မရှိတော့ဘူး။ပိုက်ဆံရှိရင် တောင် ဝယ်လို့မရတဲ့အခြေအနေဖြစ်နေတာ။နောက်ပြီး သွားတိုက်ဆေးတွေတောင် အတု ထွက်နေတယ်ကြားတယ်။ကိုယ်တိုင်တော့မကြုံရသေးဘူး”ဟု ရန်ကုန်မြို့မှ အိမ်ရှင်မ တဦးက ပြောသည်။

တာရှည်ခံဓာတုပစ္စည်းများနှင့် သုံးစွဲရန်မသင့်သော ဆိုးဆေးများပါသည့် အစားအသောက်များကို စျေးကွက်အတွင်း တွေ့ရှိနေကြောင်း FDA က ကြေညာထားသည်။

သြဂုတ်လကစပြီး ဒိုက်ဘာ ၊ သွားတိုက်တံနှင့် သွားတိုက်ဆေးများအပါအဝင် ပြည်ပအစားအသောက်၊ဆေးဝါး၊လူသုံး ကုန်ပစ္စည်းများကို နယ်စပ်ဂိတ် အပါအဝင် လေကြောင်းမှတင်သွင်းမှုများကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခဲ့သည်။

“မြဝတီဘက်ကနေ ပဲခူးဘက်ပြန်တာ။ခရီးဆောင်အိတ်တအိတ်ပဲ ပေးသယ်တယ်။ကျန်တာ အကုန်စစ်။အလှကုန်တို့၊ဆေးတွေဆို တစ်မျိုးထက် ပိုယူမရဘူး။ဘားအံမှာ စစ်တာပိုဆိုးတယ်”ဟု စစ်ကောင် စီ စစ်ဆေးမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ပြောသည်။

လက်ရှိ ပြည်တွင်းစျေးကွက်အတွင်း ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်းများ၊ ဆေးဝါးများသည် ယခင်စျေးထက် တစ်ဆခန့် မြင့်တက်ခြင်းနှင့် ပစ္စည်း ပြတ်လပ်မှုများဖြစ်ပေါ်နေသည်။

နယ်စပ်ကုန်သွယ်ရေးနှင့် လေကြောင်းကုန်စည်ပို့ဆောင်မှုများပိတ်လိုက်ခြင်းသည် တရားမဝင်ကုန် သွယ်မှုနှင့် ဒေါ်လာငွေသုံးစွဲမှုလျှော့ချရေးဟု စစ်ကောင်စီက အကြောင်းပြထားသည်။

သို့သော် ကုန်စည်ကန့်သတ်ပိတ်ပင်မှုသည် စစ်ကောင်စီက ရွေးကောက်ပွဲကာလနှင့် နီးကပ်စွာဖြစ်လာပြီး လူထုကြပ်တည်းရေးနှင့် တော်လှန်ရေးအင်အားစုများထံဝင်ငွေစီးဆင်းမှု လျော့ကျရန် ရည်ရွယ်ခြင်းဟု စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။