Connect with us

Hi, what are you looking for?

သတင်း

KNUနယ်မြေတွင် စစ်တပ်လက်ချက်ကြောင့် ယခုနှစ် ၈လတာအတွင်း ပြည်သူ ၁၅၀ခန့် သေဆုံး

အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းရေးစကား ဟန်ပြပြောနေပြီး နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ၌ ယခုနှစ်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူ ၁၅၀ ဦး ခန့်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ဟု KNU ဗဟိုက ယနေ့ စက်တင်ဘာ ၂၁ရက်တွင် ထုတ်ပြန်သည်။

၂၀၂၅မတ်လ ၁ ရက်က ကော့ကရိတ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသော ဘုန်းကြီးကျောင်း ကျောင်းဆောင်တစ်ခု။ ဓာတ်ပုံ KNU

စက်တင်ဘာ−၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းရေးစကား ဟန်ပြပြောနေပြီး နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ၌ ယခုနှစ်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူ ၁၅၀ ဦး ခန့်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ဟု KNU ဗဟိုက ယနေ့ စက်တင်ဘာ ၂၁ရက်တွင် ထုတ်ပြန်သည်။

ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီ၁ ရက်မှ ဩဂုတ် ၃၁ရက်အထိ KNU နယ်မြေများတွင် အာဏာသိမ်း စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှု၊ အရပ်သားများကို အကြောင်းမဲ့ ပစ်ခတ်မှု၊ အကြောင်းမဲ့ သတ်ဖြတ်မှုနင့် အကြောင်းမဲ့ ဖမ်းဆီးမှု အခြေအနေကို KNU က ဖော်ပြခဲ့ခြင်းဖြစ်သည်။

လူထုကို ထိခိုက်စေသည့် အကြမ်းဖက်လှုပ်ရှားမှုများ စုစုပေါင်း ၁,၂၇၇ ကြိမ် ထက်မနည်း စစ်ကောင်စီက ကျူးလွန်ခဲ့ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယင်းအနက် အာဏာသိမ်းစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ယခုနှစ် ၈လတာအတွင်း ပြည်သူ ၆၄ဦး သေဆုံးပြီး ၁၉၃ ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

ယင်းကာလအတွင်း စစ်ကောင်စီ ၏ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ပြည်သူ ၅၆ ဦး သေုံးကာ ၂၁၁ဦး ဒဏ်ရာရခဲ့ပြီး ဒရုန်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ဦး သေဆုံးကာ ၃၄ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ထို့ပြင် အကြောင်းမဲ့ သေနတ်ဖြင့် တိုက်ခိုက်မှု ၁၂ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၁၀ ဦး သေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ ပြည်သူ ၃ဦး သေဆုံးကာ ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ၅ကြိမ် စစ်ကောင်စီက ကျူးလွန်ခဲ့ရာ ပြည်သူ ၆ ဦးသေဆုံးခဲ့ရသည်ဟုဆိုသည်။

ထို့ပြင် စစ်ကောင်စီက ပြည်သူလူထု ၈၉ ဦးကို အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

“ ပြန်ကြည့်ရမယ်ဆိုရင် စစ်တပ်အာဏာသိမ်းပြီးချိန်က စပြီး ပြည်သူလူထုတွေဟာဆိုရင် KNU ထိန်းချုပ်နယ်မြေ တခုတည်းအတွင်းမာ မဟုတ်ဘဲ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထု အားလုံး အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်။ ပြည်သူလူထုတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်။ သေဆုံးမှုတွေလည်းရှိတယ်” ဟု KNU လူ့အခွင့်အရေးကော်မတီ အတွင်းရေးမှူး နော်ဖောဂေခူ က ယနေ့ စက်တင်ဘာ ၂၁ရက်တွင် ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ သတင်းစကား ပြောကြားရာ၌ ထည့်သွင်း ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့အရပ်သား ပြည်သူပေါင်းများစွာ၏ အသက်များ သေဆုံး ခဲ့ရသည့်အပြင် အိမ်ထောင်စုများ၊ ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်သည်။ထို့ပြင် ထောင်ပေါင်းများစွားသော ပြည်သူလူထုများ နေရပ်များကိုစွန့်ခွာပြီး ထွက်ပြေးခဲ့ရသည်ဟု အသိပေးသည်။

စစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်အတွက် အကြမ်ဖက်မှုများအားရပ်တန့်ရမည် ဖြစ်သော် လည်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များမှာမှု ၎င်းတို၏ ပြောဆိုမှုများနှင့် လုံးဝကွဲလွဲနေကြောင်းလည်း KNUက ထုတ်ပြန်သည်။

“အကြမ်းဖက် စစ်အာဏာရှင်ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ပဋိပက္ခတွေကို မြင်နိုင်စေချင်တယ်။ ရှာဖွေလေ့လာစေချင်တယ်” ဟု နော်ဖောဂေခူက နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းများကို တိုက်တွန်းသည်။

မြန်မာပြည်သူများ၏ တောင်းဆိုချက်များကို နားထောင်ပြီး တကမ္ဘာလုံးငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် ၎င်းက ပြောသည်။

“ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်အုပ်ချုပ်မှု ပြိုကွဲပျောက်ကွယ်သွားဖို့ အရမ်းအရေးကြီးတယ်” ဟုလည်း နော်ဖောဂေခူက ပြောကြားပြီး မြန်မာပြည်ရှိ တိုင်းရင်းသားအားလုံးက စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။