Connect with us

Hi, what are you looking for?

သတင်း

ရှမ်းနီတပ်SNA တော်လှန်ရေးဘက်ပူးပေါင်းသင့်ဟု ဗန်းမောက်ပအဖ တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့(SNA) အနေဖြင့် အချိန်မနှောင်းခင် တော်လှန်ရေးဘက် ပူးပေါင်းသင့်ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က တိုက်တွန်းသည်။

ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့(SNA)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - SNA

“လူမျိုးရေး မှိုင်းတိုက်ရင်ရနိုင်တယ်ဆိုပြီး ပြည်သူကို အထင်သေးတာ ဖြစ်နိုင်တယ်။ တကယ်တော့ ပြည်သူကသူတို့ထင်သလို မညံ့ပါဘူး။ လူမျိုးရေးထက် အာဏာရှင်တော်လှန်ရေး ကိုပဲ ပြည်သူက လိုလားတာပါ”

စက်တင်ဘာ-၂၃၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့(SNA) အနေဖြင့် အချိန်မနှောင်းခင် တော်လှန်ရေးဘက် ပူးပေါင်းသင့်ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသ ဦးဆောင်မှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်က ဗန်းမောက်မြို့ကို သိမ်းပြီးနောက် လူမျိုးရေးအမုန်းတရားဖြစ်စေရန် နှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန် အချက်များကို စစ်ကောင်စီတပ်၊ ရှမ်းနီတပ် SNA ဝါဒဖြန့် သတင်းဌာနအချို့နှင့် လူမှုကွန်ရက်သုံးစွဲသူအချို့က ရေးသားဖော်ပြမှုများ ပြုနေသည့်အခြေအနေကို ဗန်းမောက် ပအဖက ရှင်းလင်းစဉ် ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဗန်းမောက်မြို့သိမ်းတိုက်ပွဲများနှင့်ပတ်သက်၍ မြို့ပျက်မည်လား၊ ပြည်သူများကြိုက်ရဲ့လား၊ လူမျိုးရေးလားစသည့် ရေးသားချက်များ လူမှုကွန်ရက်ပေါ် လှုံ့ဆော်ရေးသားနေဟု မြို့နယ်ပအဖက ဆိုသည်။

” တကယ်တမ်းကြတော့ တိုက်ပွဲတွေ ဖြစ်ရင်တော့ အနည်းနဲ့အများတော့ ပျက်စီးလေ့ရှိကြမှာပဲ (မပျက်စီးလိုပါ) မြို့ခံလူထု က လက်သုံးချောင်းထောင် သပိတ်မှောက် ကြစဥ် ပါဝင်ကြတာ အားလုံးအသိပါပဲ (လေးပုံတစ်ပုံလောက်သော ကျေးရွာ)တစ်ချို့ သာမသိကြတာပါ ဒါတောင် သွားခေါ်မည့်သူရှိရင် လိုက်ကြမှာပဲ တချို့က မလာတတ်ကြလို့ပါ နယ်ကကျယ်ဝန်းတယ်လေ။ နောက်ပြောကြတယ်။ လူတစ်ထောင်လောက် ဗန်းမောက်အနောက်ခြမ်း စစ်ရှောင်ကြတယ်တဲ့။ ဒါက SNA ထောက်ခံသူ လူတစ်ထောင်ပဲရှိတယ်လို့ ပြောတာ ဖြစ်မယ်။ တကယ်တော့ မြို့နယ်မှာ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိတာလေဗျာ့။ ရှမ်းနီလူမျိုး ၇၀ရာခိုင်နှုန်းရှိတာလည်းမှန်ပါတယ်။ SNA လူမျိုးရယ်လို့မှ မဟုတ်တာ ကိုး ရှမ်းနီလူမျိုးနဲ့ SNAကမတူပါ။ SNAက လူမျိုးအမည်ခံ လက်နက်ကိုင် လူတစုသာလျင် ဖြစ်ပါတယ်”ဟု ဗန်းမောက်မြို့နယ် ပအဖက ရှင်းလင်းထားသည်။

နွေဦးတော်လှန်ရေးသည် လူမျိုးရေးစစ်ပွဲမဟုတ်ဟု မြို့နယ်ပအဖက ပြောသည်။

” ပြည်သူ ကို နိုင်ငံရေး အသိအမြင် မရှိဘူး သူတို့ လူမျိုးရေး မှိုင်းတိုက်ရင်ရနိုင်တယ် ဆိုပြီး ပြည်သူကို အထင်သေးတာ ဖြစ်နိုင်တယ်။ တကယ်တော့ ပြည်သူက သူတို့ထင်သလို မညံ့ပါဘူး။ လူမျိုးရေးထက် အာဏာ ရှင်တော်လှန်ရေး ကိုပဲ ပြည်သူက လိုလားတာပါ”ဟု ဗန်းမောက်မြို့နယ် ပအဖ တာဝန်ရှိသူတဦးက People’s Spring၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

နွေဦးတော်လှန်ရေးသည် အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး စစ်ပွဲ ဖြစ်ဟု မြို့နယ် ပအဖက အသိပေးသည်။

” ဖယ်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေး ဖြစ်တယ် ။ ဒါကြောင့် ပြည်နယ် သို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရချင်ရင် ဒီအချိန် မှာ လက်နက်ကိုင်တိုက်၍ မရနိုင်ပါ တိုင်းရင်းသားလက်နက်ကိုင်အားလုံးပူးပေါင်းပြီး မအလ ကို အပြုတ်တိုက်ပြီးရင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းအဖြေရှာရပါမယ် ။ဆိုတော့ က SNAအနေဖြင့် NUG နဲ့ အချိန်မနှောင်းခင် အမြန်ဆုံးပူးပေါင်းသင့်ပါကြောင်းအသိပေးလိုပါသည်”ဟု ဗန်းမောက်မြို့နယ် ပအဖက SNAကို တိုက်တွန်းသည်။

SNAသည် ဗန်းမောက်အပါအဝင် စစ်ကိုင်းတိုင်း မြို့နယ်အချို့နှင့် စစ်ကိုင်း-ကချင် အစပ်ဒေသများ၌ စစ်ရေးလှုပ်ရှားကာ အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

NUG နှင့် တော်လှန်ရေးပူးပေါင်းတပ်သည် SNA များရှိသော ဗန်းမောက်မြို့ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက်တွင် မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ရာ ၆ရက်အကြာတွင် မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီနှင့် SNA တပ်စွဲရာ နေရာ ၁၈ခုကို သိမ်းပိုက်နိုင်ခဲ့ဟု အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာဩဂုတ်လ ၁၈ရက် မနက်ပိုင်းက တိုက်ပွဲတွင်း အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီ(SNA)ပူးပေါင်းတပ်က ၇ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းယူနိူင်တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။

Photo Essay

ကချင်ပြည်နယ်မိုးညှင်းမြို့မှာဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းချသူနှစ်ဦးကို အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီတပ်(SNA)တို့ကပေါ်တာဆွဲဖမ်းဆီးသွားလို့ ဒေသခံတွေက ဆိုင်ကယ်ကို ထိန်းသိမ်းထားပေးပြီး လက်ကျန်ကုန်စည်တွေကိုလိုက်ရောင်းပေး​နေတဲ့ဓါတ်ပုံဖြစ်ပါတယ်။

Facebook