Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲထိုးစစ် အရေးနိမ့်နေ၍ကစထ-၂မှူးဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုဖယ်ရှား

ကျောက်မဲမြို့ကိုသိမ်းပိုက်မယ်ဆိုပြီးဦးတည်ထိုးစစ်ဆင်နေတဲ့စစ်ကြောင်းအထိနာပြီး ရှေ့မဆက်နိုင်ဖြစ်နေချိန်မှာ ဒီစစ်ဆေးရေးနဲ့ပတ်သက်ပြီးတာဝန်အရှိဆုံးဖြစ်တဲ့ ကစထ-၂မှူးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို စစ်ကောင်စီကရာထူးကဖြုတ်ချပြီး အရန်အင်အားကိုပို့ဆောင်လိုက်ပါတယ်။

​နောင်ချိုတိုက်ပွဲမှာ ​ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးမြေပြင်ဆင်းပြီးကိုယ်တိုင်ကွပ်ကဲတယ်လို့ စစ်တပ်​ထောက်ခံသူ​တွေကဝါဒဖြန့်ခဲ့တဲ့ ဓါတ်ပုံ

စက်တင်ဘာ-၂၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကျောက်မဲမြို့ကိုသိမ်းပိုက်မယ်ဆိုပြီးဦးတည်ထိုးစစ်ဆင်နေတဲ့စစ်ကြောင်းအထိနာပြီး ရှေ့မဆက်နိုင်ဖြစ်နေချိန်မှာ ဒီစစ်ဆေးရေးနဲ့ပတ်သက်ပြီးတာဝန်အရှိဆုံးဖြစ်တဲ့ ကစထ-၂မှူးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို စစ်ကောင်စီကရာထူးကဖြုတ်ချပြီး အရန်အင်အားကိုပို့ဆောင်လိုက်ပါတယ်။

အာဏာသိမ်းစစ်​​​ခေါင်း​ဆောင်​တွေက စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ကိုရာထူးကနေအနားပေးတာ ၊ဌာနအပြောင်းအရွှေ့လုပ်တာ​တွေကို အာဏာသိမ်းပြီး​နောက်ပိုင်း မကြာခဏလုပ်​နေစစ်တာမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၂ မှူး) ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး ပါဝင်လာတာပါ။

သူ့ကိုအရန်အင်အားပို့လိုက်ပြီး ကစထ-၅ မှူး ဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလတ်နဲ့ အစားထိုးလိုက်တာပါ။

Public Service Announcement

Public Service Announcement

“နောင်ချိုက‌နေကျောက်မဲကိုဦးတည်တဲ့ စစ်ဆင်ရေးမှာ ထင်သလောက် မအောင်မြင်တော့ ဖြတ်ထုတ်ရှင်းလုပ်တာ။ နိုင်နိုင်ဦးကို မအလ( စစ်ကောင်စီခေါင်းဆောင်)က နဂိုကတည်းက မကြည်ဘူး” လို့ နေပြည်တော် စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ကစထ(၂) မှူးဟာအရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ (လားရှိုးအပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ကြီး)၊တြိဂံဒေသတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ခိုလမ်)ဒေသတွေရဲ့ စစ်ဆင်ရေး တွေကိုတာဝန်ခံရတာပါ။

၂၀၂၄ခုနှစ်ဩဂုတ်လက MNDAA တိုက်ခိုက်လို့ရမခနဲ့ လားရှိုးမြို့ ဆုံးရှုံးရခြင်းဟာ ဒုတိဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးရဲ့ ညံ့ဖျင်းမှုကြောင့်လို့စစ်ခေါင်းဆောင်က ယူဆခဲ့တာပါ။ သူ့ကို ရာထူးက နေနှုတ်ထွက်ခိုင်းပေမယ့် နောင်ချိုကို ပြန်သိမ်းတဲ့စစ်ဆင်ရေးမှာဒုစစ်ခေါင်းဆောင်စိုးဝင်းကဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို ဝာာဝန်ပေးပြီး စောင့်ကြည့်ခိုင်းခဲ့တာပါ။၂၀၂၅ ဇူလိုင်လမှာ နောင်ချိုကိုပြန်သိမ်းယူနိုင်ခဲ့ပေမယ့်အဲဒီနောက်ပိုင်းကျောက်မဲကိုဦးတည်တဲ့စစ်ဆင်ရေးမှာ​တော့​ကျောက်မဲကို​ရောက်​အောင်ထိုးစစ်မဆင်ပဲအထိနာ​နေတာဖြစ်ပါတယ်။

စိတ်မရှည်တော့တဲ့စစ်ခေါင်းဆောင်က ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုဖယ်ရှားလိုက်တာပါလို့သိရပါတယ်။

လက်ရှိမှာ ကျောက်မဲမြို့နဲ့၇မိုင်ခန့်အကွာမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီကလေ ကြောင်းကနေမကြာခဏဗုံးကြဲနေပါတယ်။ TNLA နဲ့ မဟာမိတ်တပ်​တွေက စစ်တပ်စစ်​ကြောင်း​တွေကိုဖြတ်​တောက်တိုက်ခိုက်​နေကြတာဖြစ်ပါတယ်။

ဒါအပြင်ဒီကနေ့ထွက်ပေါ်လာတဲ့စစ်ဘက်ဆိုင်ရာသတင်းတွေအရ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူး ဗိုလ်ချုပ် ကျော်ကိုထိုက်ကို တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် တာဝန်ပေးလိုက်ပြီးတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းကို စစ်ရာထူးခန့်ချုပ်(ကကထူး)အဖြစ် ခန့်အပ်လိုက်ကြောင်း စုံစမ်ယသိရပါတယ်။

ဗန်းမော်အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) စကခမှူးဗိုလ်မှူးကြီး တင်မင်းလတ်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်ပေးလိုက်ပြီး တပ်မ(၈၈) တပ်မမှူးကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ) တာဝန်ပေးလိုက်တယ်လို့သိရပါတယ်။ စကခ(၂၁)နဲ့ တပ်မ(၈၈)ဟာ KIAတိုက်ခိုက်နေတဲ့ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပူးတွဲခုခံ​နေနကြတာပါ။သူတို့၂ဦးစလုံးကိုစက်တင်ဘာလ၂၃ရက်နေ့မှာပဲ ဗန်း​မော်က​နေ ရဟတ်ယာဉ်နဲ့ခေါ်ဆောင်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

PDF တပ်မှူးကြီးများ အစည်းအဝေးမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို ဦးတည်ပြင်ဆင်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က တင့်ကားတွေပါ အသုံးပြုနေပြီး ကြည်းနဲ့လေ ပူးပေါင်းထိုစစ်ဆင်နေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနတိုင်း တာ၀န်ခံဗိုလ်လကျာ်က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။