Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်နဲ့ မြောက်ဦး ဗုံးကြဲခံရမှုထိခိုက်သေဆုံးသူ‌တွေအတွက် အရပ်ဘက်အဖွဲ့တွေနဲ့ အလှူရှင်တွေ ကျပ်သိန်း ၆၀၀ ခန့်လှူ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊သရက်တပင်ရွာနဲ့ မြောက်ဦးမြို့နယ်က ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူ‌တွေအတွက် အရပ်ဘက်အဖွဲ့တွေနဲ့ အလှူရှင်တွေစုစည်းပြီး ကျပ်သိန်း ၆၀၀ခန့် လှူဒါန်းခဲ့ကြပါတယ်။

၂၀၂၅ မေ ၁၅ ရက်က ကျောက်တော်မြို့ ရွာမရပ်ကွက် ဗုံးကြဲခံရတဲ့ ထိခိုက်ပျက်စီးမှုတွေအနီး တွေ့၇တဲ့ ဒေသခံတချို့။ ဓာတ်ပုံ -AFP

စက်တင်ဘာ−၂၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊သရက်တပင်ရွာနဲ့ မြောက်ဦးမြို့နယ်က ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူ‌တွေအတွက် အရပ်ဘက်အဖွဲ့တွေနဲ့ အလှူရှင်တွေစုစည်းပြီး ကျပ်သိန်း ၆၀၀ခန့် လှူဒါန်းခဲ့ကြပါတယ်။

သရက်တပင်ကျေးရွာက စာသင်ကျောင်းနှစ်ကျောင်းကို စစ်ကောင်စီက စက်တင်ဘာ ၁၂ရက်မှာ လေကြောင်းကနေ ဗုံးကြဲတာမှာ ပြည်သူ၂၀ဦးသေဆုံးခဲ့ပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဒိုင်းကျီရပ်ကွက်က အလှူအိမ်တအိမ်ကိုတော့ ဩဂုတ် ၂၅ရက်မှာ ဗုံးကြဲခဲ့လို့ ကလေးငယ်နဲ့အမျိုးသမီးတချို့အပါအဝင် ၁၅ဦး သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အရပ်ဘက်အဖွဲ့တွေနဲ့ အလှူရှင်တွေစုစည်းပြီး ကျပ်သိန်း ၅၉၀ ထောက်ပံ့ခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားရေးဆောင်ရွက်တဲ့ စာရေးဆရာဝေဟင်အောင်က အသိပေးထားပါတယ်။

စည်းလုံးမှုအင်အားရခိုင်လူငယ်များအသင်း၊ Arakan လူငယ်ပရဟိအသင်းနဲ့ ပြည်တွင်းပြည်ပအလှူရှင်တွေစုစည်းပြီးလှူတာလို့ ဆိုပါတယ်။

” ထိခိုက်တဲ့သူတွေရဲ့ ဘဝအခြေအနေက ပြန်ထူထောင်ဖို့ အရမ်းခက်ပါတယ်။ စိတ်ဒဏ်ရာအကြီးအကျယ်ရကြတယ်။ ဒီလိုပဲ ဝိုင်းဝန်းပေးကြရမှာဖြစ်တယ်”လို့ မြောက်ဦးမြို့က စစ်ဘေးရှောင်တဦးကပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူမြို့နယ်တွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျန်မြို့နယ်တွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာပါတယ်။

စစ်ကောင်စီက ကြည်း၊ ရေ၊ လေတပ်တွေသုံးပြီး ပြည်သူနေအိမ်တွေ၊ အဆောက်အဦ တွေကို
ပစ်မှတ်ထားတိုက်ခိုက်နေဆဲဖြစ်လို့ စစ်ဘေးရှောင်‌တွေနဲ့ ဒေသခံတွေအတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေးဆိုင်ရာအကူအညီတွေ လိုအပ်နေတယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၁၀၂၇စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃နိုဝင်ဘာကနေ ၂၀၂၅ ဩဂုတ်အထိ စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အသက် ၁၈နှစ်အောက် ကလေးစုစုပေါင်း ၁၈၄ ဦး သေဆုံးပြီး ၄၇၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ HDCOက ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲမှာ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် သေဆုံးသူ ၁၀၂ ဦး၊ဒဏ်ရာရသူ၂၁၃ဦး ပါဝင်ပါတယ်။

ကျောင်းသားတွေနဲ့ ကလေးငယ်တွေကို အစုလိုက်၊ အပြုံလိုက် သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှု‌တွေဟာ စစ်ကောင်စီရဲ့ အလွန်ပြင်းထန်သည့် စစ်ရာဇဝတ်မှုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး တားဆီးဖို့၊ အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့ HDCOက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အထက်ပိုင်း ဝေးလံခေါင်သီတဲ့တောင်ပေါ်၊ ချောင်းဖျားဒေသကျေးရွာအချို့မှာ လူဦးရေ အများအပြား ငှက်ဖျားဖြစ်နေပြီး ဆေးဝါးကုသဖို့လည်း လက်လှမ်းမမီ၊ အလှမ်းဝေးနေတယ်လို့ ဆိုပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်ဝန်းကျင် နဲ့ မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်၊ ကျောက်ကျပ်ရွာအနီးဝန်းကျင်တို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ညနေပိုင်းမှာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးဆယ်ချီ ကြဲ ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။