Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင် နဲ့ ပူတင်ထပ်မံတွေ့ဆုံ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က လက်ခံတွေ့ဆုံမှုကို ရုရှားသမ္မတ အိမ်တော်ဖြစ်တဲ့ကရင်မလင် နန်းတော်ရဲ့တရားဝင် ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

အာဏာရှင် ၂ ​ယောက်​တွေ့ဆုံစဥ်။ဓါတ်ပုံ-Kremlin

စက်တင်ဘာ-၂၆၊၂၀၂၅။People’s Spring

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က လက်ခံတွေ့ဆုံမှုကို ရုရှားသမ္မတ အိမ်တော်ဖြစ်တဲ့ကရင်မလင် နန်းတော်ရဲ့တရားဝင် ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ကပူတင်နဲ့ မင်းအောင်လှိုင်တို့ဟာ ကရင်မလင် နန်းတော်မှာ တွေ့ဆုံပြီး သံတမန်ရေး၊ ကာကွယ်ရေး၊ စွမ်းအင်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြောင်းရုရှားဖက်ကထုတ်ပြန်ပါတယ်။

World Atomic Week 2025 ဖိုရမ်ရဲ့ ဆက်စပ် အစီအစဉ်အဖြစ်သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြတာလို့ ရုရှားက ဆိုပါတယ်။အာဏာသိမ်း စစ်ခေါင်းဆောင်ကမြန်မာအနေနဲ့ ရုရှားရဲ့ဗလာဒီဗော့စတော့ခ် မြို့ထဲမှာ ကောင်စစ်ဝန်ရုံး အသစ်တစ်ခု မကြာခင် ထပ်ဖွင့်နိုင်အောင် စီစဉ်နေတယ်လို့ ပူတင်ကို ပြောကြားခဲ့ပါတယ်။ လောလောဆယ် မော်စကို မြို့တော်မှာ မြန်မာသံရုံး ရှိနေပြီး စိန့်ပီတာစဘာ့ဂ်နဲ့ နိုဗိုဆီဘရစ်ခ် မြို့တွေမှာ မြန်မာ ကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ်ထားကြောင်း ရုရှားရဲ့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့ကိုပဲ မျှော်ကြည့်ကြည့်၊အနောက်ကိုပဲ မျှော်ကြည့်ကြည့် ရုရှားရဲ့ နယ်မြေတွေဟာ အင်မတန် ကြီးမား ကျယ်ပြန့်ကြောင်း၊ ဒါကြောင့်လည်း နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေဖို့အတွက် နောက်ထပ် ကောင်စစ်ဝန်ရုံး အသစ်ဖွင့်ဖို့ စီစဉ်နေတာဖြစ်ကြောင်း မင်းအောင်လှိုင်က ပူတင်ဆီ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နာမည်ဆိုးနဲ့ ကိုယ်စီကျော်ကြားပြီး အနောက် မဟာမိတ်ဒီမိုကရေစီ နိုင်ငံတွေဆီကနေ တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်တာ ခံထားရသူ နှစ်ဦးဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်လာနေကြောင်း လေ့လာသူတွေက ပြောပါတယ်။ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှားတို့နဲ့ ရင်းနှီးကျွမ်းဝင်မှုကို မြှင့်တင်နိုင်ဖို့ အင်တိုက်အားတိုက် ကြိုးစားလာနေသလို အဲဒီနှစ်နိုင်ငံ ပါဝင်တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)မှာ အဖွဲ့ဝင် ဖြစ်လာဖို့လည်း မျှော်မှန်းနေဟန် ရှိပါတယ်။

မင်းအောင်လှိုင်ဟာမော်စကိုမှာဖိုရမ်တက်ရောက်ပြီးရင် နောက်ထပ် SCOအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ကာဇက်စတန်ဆီ ခရီးဆက်ဖို့ စီစဉ်ထားပါတယ်။

ပူတင်နဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံမှုမှာ ကာကွယ်ရေးကဏ္ဍအပြင် နျူကလီးယားစွမ်းအင်၊ လျှပ်စစ်၊ ကျန်းမာရေး၊ရေနံနဲ့လောင်စာထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့တယ်လို့လည်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မင်းအောင်လှိုင်က ဒီဇင်ဘာလကျရင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမယ့် သူ့ရဲ့ အစီအစဉ်ကိုရော၊ နိုင်ငံတကာ လေ့လာသူတွေကိုပါ ဖိတ်ကြားမယ့် သဘောထားကိုပါ ပူတင်ဆီ ထပ်လောင်း အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား-Kremlin

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

Facebook