Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ခံ စာရေးဆရာသင့်နော် ကွယ်လွန်

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဆရာသင့်နော်ကို မကွယ်လွန်မီက တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ

စက်တင်ဘာ- ၂၇၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။

အသက် ၇၈ နှစ်အရွယ် ဆရာသင့်နော်(ခ)ဦးသန်းဌေးဟာ နေမကောင်းဖြစ်ရာကနေ ကျောက်ကပ်ရောဂါအပါအဝင် အခြားလူကြီးရောဂါတွေကြောင့် ဒီကနေ့ နေ့လယ်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ကြောင်း မန္တလေး စာပေအသိုင်းအဝိုင်းကနေ သိရပါတယ်။

“နေမကောင်းလို့ စစ်လိုက်တော့ ကျောက်ကပ်ကလည်းမကောင်းတော့ဘူး။တခြားရောဂါတွေကော၊ အစာလည်းမဝင်တော့တာကနေ ဆုံးသွားတာပါ။”လို့ နီးစပ်သူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆရာသင့်နော်ဟာ ၁၉၈၈ အရေးအခင်းကာလကလည်း ခေတ္တဖမ်းဆီးခံရဖူးပါတယ်။ ဆရာဟာ ဥတ္တရလွင်ပြင် စာအုပ်ထုတ်ဝေရေးလုပ်ငန်းနဲ့စာအုပ်ဆိုင်ကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။

ဆရာသင့်နော်ဟာ မန္တလေးမြို့သမိုင်းကြောင်းနဲ့ စာပေရေးရာမှာ ကျွမ်းကျင်နှံ့စပ်တဲ့ ပညာရှင်တဦးဖြစ်ကြောင်းစာပေအသိုင်းအဝိုင်းကပြောပါတယ်။

ဆရာသင့်နော် ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်တွေအနက် “အတိတ်၊ လူ၊ ပုံရိပ်နှင့် စာအုပ်များ”စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု ရရှိခဲ့ပါတယ်။

ဆရာသင့်နော်နာရေးကို လာမယ့် စက်တင်ဘာ ၂၉ ရက် မနက် ၁၀ နာရီမှာ အေးရိပ်ငြိမ်သုဿန်ကို ပို့ဆောင်သွားမယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေး၊ အိုးဘိုအကျဥ်းထောင်မှာအကျဥ်းချခံထားတဲ့ နိုင်ငံရေးအကျဥ်းသား တစ်ဦးဟာ အူအတက်ပေါက်ပြီး ဆေးဝါးကုသခွင့်မရလို့ ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။