Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမှာ ကျေးရွာ ၃၀ ခန့်က လူဦးရေသောင်းဂဏန်းစစ်ရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ရှောင်နေရတဲ့ ကျေးရွာ အရေအတွက် ၃၀ ကျော် ထိ ရှိလာတယ်လို့ ကျောက်မဲမြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။

ကျောက်မဲမြို့ကိုတွေ့ရပုံ (ဓာတ်ပုံ - Google Map)

စက်တင်ဘာ – ၂၇ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ရှောင်နေရတဲ့ ကျေးရွာ အရေအတွက် ၃၀ ကျော် ထိ ရှိလာတယ်လို့ ကျောက်မဲမြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။

ကျောက်မဲမြို့ ကို ပြန်လည်သိမ်းပိုက်ဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေ ပြင်းထန်နေပြီး ကျောက်မဲမြို့တဝိုက် ကျေးရွာတွေက ပြည်သူတွေနဲ့မြို့ပေါ်နေထိုင်သူတွေပါ စစ်ရှောင်နေရတာပါ။

လက်ရှိမှာ ကျောက်မဲမြို့ပေါ်နဲ့ ရှစ်မိုင်ခန့်အကွာ စခန်းသာရွာအထိတိုက်ပွဲတွေရောက်ရှိနေတာပါ။ စစ်တပ်ဝါဒဖြန့် ချန်နယ်တွေကတော့ စခန်းသာရွာကိုသိမ်းလိုက်ပြီလို့ ဝါဒဖြန့်ထားပါတယ်။

Public Service Announcement

Public Service Announcement

“ စခန်းသာမှာတိုက်ပွဲတွေဖြစ်လာတာတော့ မြို့ပေါ်မှာ ရုတ်ရုတ်သဲသဲဖြစ်လာတယ် ၊ အိမ်စောင့်လောက်ပဲကျန်တော့တယ်”လို့ ကျောက်မဲမြို့ခံတစ်ဦးကပြောပါတယ်။

နောင်ပိန်၊ စခန်းသာ ၊ နားအိုက်ခန့်စတဲ့ ကျေးရွာအုပ်စုရှိ ကျေးရွာ ၃၀ကျော်ကပြည်သူ ခြောက်သောင်းနီးပါးဟာ လွတ်ရာကိုတိမ်းရှောင်ရတာ တစ်လနီးပါးရှိလာပြီလို့ သိရပါတယ်။

“တောထဲမှာရှောင်ရင်း ရက်ကြာလာတော့ စားနပ်ရိက္ခာပြတ်လပ်တော့ အကူညီတောင်းလာတာတွေရှိတယ်၊ နယ်မြေအခြေနေပေါ်မူတည်ပြီးတော့ ပို့ပေးနေပါတယ်”လို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA သိမ်းယူထားတဲ့နောင်ချိုမြို့ ကိုစစ်ကောင်စီတပ်က သိမ်းယူပြီးနောက် ကျောက်မဲဘက်ကို ဆက်လက် ထိုးစစ်ဆင်ခဲ့တာပါ။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။