Connect with us

Hi, what are you looking for?

သတင်း

မလေးရှားက မြန်မာကို ဗီဇာကင်းလွတ်ခွင့်ပေး

လာမယ့်အောက်တိုဘာ ၁ရက်ကစပြီး မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားတွေကို ဗီဇာ‌လျှောက်စရာမလိုပဲ ၁၄ ရက်ကင်းလွတ်ခွင့်ရမယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ် တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ − Getty Images

စက်တင်ဘာ-၂၈၊၂၀၂၅။တေဇ/People’s Spring

လာမယ့်အောက်တိုဘာ ၁ရက်ကစပြီး မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားတွေကို ဗီဇာ‌လျှောက်စရာမလိုပဲ ၁၄ ရက်ကင်းလွတ်ခွင့်ရမယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ပါတယ်။

မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေအနေနဲ့ ရက်တိုလည်ပတ်ဖို့အတွက် ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ရမှာဖြစ်ပေမယ့် နိုင်ငံအတွင်းဝင်ရောက်ဖို့ကိုတော့ သက်ဆိုင်ရာလူဝင်မှူကြီးကြပ်ရေးအရာရှိရဲ့ ခွင့်ပြုချက်လိုအပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

အရင်က မြန်မာပတ်စ်ပို့ကိုင်ဆောင်ထားသူတွေဟာ မလေးရှားနိုင်ငံကို သွားမယ်ဆိုရင် ရန်ကုန်မြို့က မလေးရှားသံရုံးမှာ ဗီဇာလျှောက်ထားပြီးမှ သွားရောက်ခွင့်ရတာပါ။

Public Service Announcement

Public Service Announcement

မလေးရှားနိုင်ငံဟာ မြန်မာပတ်စပို့ကိုင်ဆောင်ထားသူတွေကို လေဆိပ်အဝင်မှာ တင်းကြပ်စွာစစ်ဆေးလေ့ရှိပါတယ်။ အထောက်အထားခိုင်လုံစွာမပြနိုင်တဲ့သူတွေကို ပြန်လွှတ်တဲ့အထိဖြစ်စဉ်တွေ ရှိပါတယ်။ အခုတော့ မြန်မာတွေကို ၁၄ရက်ဗီဇာကင်းလွတ်ခွင့်ရရှိခဲ့တာပါ။

” မြန်မာဆိုတော်တော်ရစ်တဲ့ မလေးလဝက အခု ဗီဇာဖရီးဆိုတော့ ဘယ်လိုဆက်ဆံခံရမယ် မသိဘူး။ အရင်ကတော့ တော်တော်ကို ရစ်တာခ့ရတယ်”လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ နေထိုင်လုပ်ကိုင်တဲ့ မြန်မာလုပ်သားတဦးက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာကို အာဆီယံ ၉နိုင်ငံလုံးကို ဗီဇာကင်းလွတ်ခွင့်ပေးထားပါတယ်။ ဗီယက်နမ်၊ စင်ကာပူ ၊အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ရက် (၃၀)ကင်းလွတ်ခွင့်ပေးထားပြီး ထိုင်း ၊ လာအို ၊ ဘရူနိုင်း ၊ ကမ္ဘောဒီယားနဲ့ မလေးရှား နိုင်ငံတွေက ၁၄ ရက် ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

Facebook