Connect with us

Hi, what are you looking for?

သတင်း

တွင်းမရွာက စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ တိုက်

မကွေးတိုင်း၊မြိုင်မြို့နယ်က ပျူစောထီးအားကောင်းရာ တွင်းမရွာက စစ်အုပ်စုကို တိုက်ခိုက်ရာ သုံးဦးသေပြီး လက်နက်တလက်ရတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(စက်တင်ဘာ ၂၉ရက်)မှာ ထုတ်ပြန်ပါတယ်။

တွင်းမရွာက စစ်အုပ်စုကို တိုက်ခိုက်တဲ့ ရဲဘော်တွေနဲ့ သိမ်းရတဲ့ လက်နက်။ ဓာတ်ပုံ − မြိုင် ပကဖ

စက်တင်ဘာ−၂၉ ၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊မြိုင်မြို့နယ်က ပျူစောထီးအားကောင်းရာ တွင်းမရွာက စစ်အုပ်စုကို တိုက်ခိုက်ရာ သုံးဦးသေပြီး လက်နက်တလက်ရတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(စက်တင်ဘာ ၂၉ရက်)မှာ ထုတ်ပြန်ပါတယ်။

မနေ့က(စက်တင်ဘာ ၂၈ ရက်) နေ့လယ် ၂နာရီခန့်က တွင်းမရွာမှာ ဒေသခံတွေရဲ့ ပစ္စည်းတွေကို လှည့်လည်ခိုးယူနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ကို အလစ်ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီး သုံးဦးသေပြီး MA 1 တလက်သိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မြိုင်ပကဖ ၊ တပ်ခွဲ(၁) ၊ တပ်ခွဲ (၂) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊ ကမ္မတပ်ပေါင်းစု နဲ့ 8+ တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

“မြိုင်မှာက သရက်ကန်၊ တွင်းမ ၊ ကန်နီ ဆိုတဲ့ ပျူသုံးရွာပဲ ကျန်တော့တယ်။အရင်ကတော့ ၁၀ ရွာလောက်ရှိတယ်။သရက်ကန်ဆိုလည်း ရိက္ခာလမ်း ကြောင်းတွေ အပိတ်ခံထားရတယ်။မြိုင်မှာ တော်လှန်ရေးအင်အားစုတွေ စုဖွဲ့မှုအားကောင်းလာတယ်”လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်ကင်းစခန်းတွေကို ဒေသတွင်း တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ရှိပါတယ်။

စစ်ကောင်စီတပ်က မြိုင်မြို့ပေါ်မှာ စုရုံးတပ်တည်ထားပြီးတော့ မြို့တွင်းက စီးပွားရေးဘဏ်၊ ရဲစခန်းနဲ့ စျေးတွေမှာ တပ်စွဲထားတာရှိတယ်လို့ ဒေသတွင်းသတရင်းမြစ်က ဆိုပါတယ်။

မြိုင်မြို့နယ်ရဲ့စစ်ရေးအခြေအနေတွေအရ မြို့နဲ့ (၁)မိုင်ခွဲအကွာဝန်းကျင်အထိ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားနိုင်နေပြီလို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။