Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲတိုက်ပွဲ​ ပြင်းထန်နေပြီး မြို့​ပေါ်ဌာနဆိုင်ရာရုံးတချို့ မီး​လောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ တိုက်ပွဲတွေဟာ မြို့နဲ့ပိုနီးလာပြီး ပြင်းထန်နေသလို မြို့​ပေါ်က ဌာနဆိုင်ရာအ​ဆောက်အအုံတချို့မီး​လောင်​နေတယ်လို့ ​သိရပါတယ်။

​ကျောက်မဲမြို့​ပေါ်ရှိ အ​ဆောက်အအုံအချို့ စက်တင်ဘာ ၃၀ ရက်ကမီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ-​ဒေသခံ

စက်တင်ဘာ-၃၀၊၂၀၂၅။ကဖီး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ တိုက်ပွဲတွေဟာ မြို့နဲ့ပိုနီးလာပြီး ပြင်းထန်နေသလို မြို့​ပေါ်က ဌာနဆိုင်ရာအ​ဆောက်အအုံတချို့မီး​လောင်​နေတယ်လို့ ​သိရပါတယ်။

ဒီနေ့ နေခင်းပိုင်းကစပြီး ကျောက်မဲမြို့ပေါ်က ဌာနဆိုင်ရာအဆောက်အအုံတချို့ နဲ့ ပြည်ခိုင်ဖြိုးပါတီရုံးမီးလောင်ခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်အ​ကောင့်နဲ့ ချန်နယ်တွေက TNLA တပ်ဖွဲ့ဝင်တွေက မီးရှို့ပြီး ဆုတ်ခွာသွားတာလို့ ဖော်ပြနေကြပေမယ့် အမှန်တကယ်က TNLA တပ်စွဲနိုင်တဲ့ အဲဒီရုံးနေရာတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာလို့ မြို့ခံတချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့ပေါ်က မီးသတ်ရုံးနဲ့ ကြံ့ခိုင်ရေးရုံးမီးလောင်ခဲ့ပြီး ညနေပိုင်းမှာတော့ မိုးတွေရွာလို့ မီးငြိမ်းနေပြီလို့ ဒေသခံတချို့က ပြောပါတယ်။

ဒီနေ့ ညနေပိုင်း ကျောက်မဲမှာ တိုက်ပွဲပြင်းထန်​နေချိန် ပြင်ဦးလွင်မြို့ပေါ်ကနေ Y12တွေ ဖြတ်ပျံတာအနည်းဆုံး ၃စီးလောက်ရှိတယ်လို့​ ဒေသခံတချို့က​ပြောပါတယ်။

အဲဲဒီ စစ်ကောင်စီလေယာဉ်တွေဟာ ညနေ ၃နာရီလောက်က စပျံနေပြီး ကျောက်မဲကို ဗုံးသွားကြဲတာဖြစ်မယ်လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။

ကျောက်မဲမြို့ပေါ်မှာ ပြည်သူတွေ စစ်​ရှောင်သွားကြတဲ့အတွက် မရှိကြတော့ဘဲ တိုက်ပွဲ​တွေက မြို့နဲ့ နီးလာတယ်လို့ ​နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

တချို့တွေလည်း ပြေးစရာမရှိဖြစ်နေပြီး နောင်ချိုဘက်လည်း လာမရ၊ လားရှိုးဘက်လည်း သွားဖို့ရာ ခက်နေတယ်လို့ နောင်ချိုမြို့ခံက ဆက်ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲ​တွေ ပြင်းထန်​နေချိန်မှာ လူမှုကူညီရေးလုပ်​နေတဲ့ အမျိုးသားတစ်ဦးအပါအဝင် ဒေသခံနှစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားခဲ့ပါတယ်။

ကျောက်မဲမြို့ အေးချမ်းသာသုသာန်အနီးမှာ စက်တင်ဘာ ၂၉ရက် မနေ့က မိုင်းနှစ်လုံးပေါက်ကွဲပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့တာပါ။ တစ်ဦးက လူမှုရေးအဖွဲ့တွေကို ကူညီနေတဲ့ အမျိုးသားဖြစ်ပြီး နောက်တစ်ဦးကတော့ နွားကျောင်းနေသူဖြစ်တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့အနီးမှာ တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး မြေမြုပ်မိုင်းတွေကို နှစ်ဖက်စလုံးက ထောင်ထားကြတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ကျောက်မဲမြို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၄ သြဂုတ်မှာ သိမ်းယူခဲ့တာပါ။

ပြီးခဲ့တဲ့ဇူလိုင်မှာ စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ပြန်လည်သိမ်းယူပြီးတဲ့နောက် သြဂုတ် ၁၉ ရက်ကစပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ကို စစ်တပ်စစ်ကြောင်းဝင်ရောက်လာပါတယ်။

TNLA၊PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေက ကျောက်မဲမြို့အနီးရောက်လာသလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

ကျောက်မဲမြို့တိုက်ပွဲနဲ့ပတ်သက်ပြီး TNLAကို People’s Spring က ဆက်သွယ်မေးမြန်းနေဆဲပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။