အောက်တိုဘာ-၂ ၊ ၂၀၂၅။မိုမို /People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အုန်းတော ပျူစောထီးရွာ ကာကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ လက်နက်ခုနစ်လက်နဲ့ စစ်သုံ့ပန်း ၆ဦးဖမ်းမိတယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲက ပြောပါတယ်။
မနေ့က(အောက်တိုဘာ ၁ ရက်)ည ၁၀နာရီဝန်းကျင်မှာ ထန်းကုန်းနဲ့ ဒန်းပင်ကျေးရွာကြားက အုန်းတောပျူစောထီးရွာ ကင်းစခန်းကို ကန့်ဘလူခရိုင် ပကဖလှုပ်ရှားရေးတပ်ရင်း၊ကန့်ဘလူခရိုင် အမှတ်၃(PDF)တပ်ရင်းနဲ့ နယ်မြေခံ ပကဖတွေ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။
G3 သုံးလက်၊ ကာဘိုင်နှစ်လက်၊ ပြောင်းချောနှစ် လက် သိမ်းရပြီး စစ်အုပ်စုအဖွဲ့ဝင် နှစ်ဦးသေပြီး ၆ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
“အုန်းတောက ပျူရွာတွေရဲ့အလယ်ခေါင်ဝန်းထဲမှာရှိနေတာ။ကျွန်တော်တို့က တိတ်တဆိတ်ဝင်ရောက်စီးနင်းတဲ့အချိန်မှာ ဒီကောင်တွေဂိတ်မှာရှိတဲ့ ရှစ်ယောက်စလုံးကို တစ်ယောက်မှမလှုပ်နဲ့လက်မြှောက်ဆိုပြီး အသာတကြည်ကောက်သိမ်းခဲ့တာ”လို့ ဗိုလ်ပိုင်ချဲက တိုက်ပွဲ ဖြစ်စဥ်ကို ရှင်းပြပါတယ်။
စီးနင်းမှုမှာ သေနတ်ရှစ်ချက်ပဲဖောက်ခဲ့ရပြီး ရဲဘော်တွေအားလုံး အထိခိုက်မရှ်ိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့လ ၁၇ ရက်ကလည်း ကန့်ဘလူမြို့နယ်ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင်ပကဖက ဦးဆောင်ပြီး ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ စက်တင်ဘာလ ၁၇ ရက် ညနေမှာ စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီအရာရှိအပါ အဝင် ၆ဦးသေဆုံးပြီး ၁၁ဦး ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
သေနတ် ၈ချက်တည်းနဲ့ ကန့်ဘလူနယ်က ပျူစောထီးကင်းစခန်းကို သိမ်း ▪️သေနတ် ၇လက်ရပြီး စစ်သုံ့ပန်း ၆ဦးဖမ်းမိဟု ဗိုလ်ပိုင်ချဲပြော…
Posted by People's Spring on Wednesday 1 October 2025
ရုပ်သံ – Phyo Wai Paing/Fb




















































