Connect with us

Hi, what are you looking for?

သတင်း

ဆီမီးသပိတ်မှာ ကျဆုံးခဲ့တဲ့ကျောင်းသားပြည်သူတွေအတွက် စစ်ကိုင်းတိုင်းမှာ သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဆီမီးသပိတ်မှာ ကျဆုံးခဲ့တဲ့ကျောင်းသားပြည်သူတွေအတွက် သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၇)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ-၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဆီမီးသပိတ်မှာ ကျဆုံးခဲ့တဲ့ကျောင်းသားပြည်သူတွေအတွက် သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၇)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ – ဗကသများအဖွဲ့ချုပ် အခြေစိုက် အမှတ် (၁) နယ်မြေမှ ရဲဘော်တွေက ကျဆုံးကျောင်းသားပြည်သူတွေကို အလေးပြုတာနဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ကျဆုံး ကျောင်းသားပြည်သူတွေကို တိုင်တည်ပြီး ဖက်ဆစ်တော်လှန်ရေး အဆုံးခန်းတိုင်အထိ မမှိတ်မသုန် လျှောက်လမ်းသွားမယ်လို့လည်း ကတိပြုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်အတွင်းက တော်လှန်ပြည်သူတွေကလည်း “တော်လှန်အသိ တော်လှန်သတိဖြင့် ဆီမီးသပိတ်”လို့ ပုံဖော်ပြီး မီးပုံပျံလွှတ်တာနဲ့ ကျဆုံးရဲဘော်တွေကို ဂုဏ်ပြုပြီး စစ်ကောင်စီကို ဆက်လက်တော်လှန်နေမယ်လို့ ထုတ်ဖော်ပြသခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက “တရားမဝင်အတုအယောင် ရွေးကောက်ပွဲ” ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူလူထုတွေက ဆီမီးဖယောင်းတိုင်တွေနဲ့ ပြုလုပ်ခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ်မှာလည်း သွေးသစ်သပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ပြီးတော့ တော်လှန်ပြည်သူတွေ နဲ့အတူ “ဓမ္မကိုပူဇော် အဓမ္မကိုလောင်ကျွမ်း” စာသားကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေက သီတင်းကျွတ်ဆီမီးသပိတ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး ၊ တရားမဝင်အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးနဲ့ အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးအစရှိတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ယမန်နေ့ညပိုင်းက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ညောင်ပင်သာအုပ်စု ဘုံတိုကျေးရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပရာနေရာကို စစ်ကောင်စီတပ်က ပါရာမော်တာတပ်လေထီးနဲ့ ဗုံးကြဲခဲ့ရာ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာအများအပြား ရရှိခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ GSCB ၊ ဝက်လက်သပိတ်၊ ဒီပဲယင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook