Connect with us

Hi, what are you looking for?

သတင်း

နိုင်/ကျဉ်း​တွေကိုနှိပ်စက်တာမှာနာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြင်းခြံထောင်အရာရှိရဲ့ဇနီးနဲ့ယာဉ် မောင်းဖမ်းဆီးခံရ

နိုင်ငံရေးအကျဉ်းသားတွေကိုနှိပ်စက်ညှင်းပန်းမှု​တွေမှာနာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြင်းခြံအကျဥ်းဦးစီးအရာရှိ ဦးဝင်းနိုင်စိုး ရဲ့ မိသားစုဝင်တချို့နဲ့ ယာဉ်မောင်းကိုတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးထားတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက တာဝန်ရှိသူအချို့က​ပြောတယ်။

မြင်းခြံ​ထောင်အဝင်ဝကို​တွေ့ရစဥ်။ ဓါတ်ပုံ-Mandalay In-depth

အောက်တိုဘာ-၉၊၂၀၂၅။မေ/People’s Spring

နိုင်ငံရေးအကျဉ်းသားတွေကိုနှိပ်စက်ညှင်းပန်းမှု​တွေမှာနာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြင်းခြံအကျဥ်းဦးစီးအရာရှိ ဦးဝင်းနိုင်စိုး ရဲ့ မိသားစုဝင်တချို့နဲ့ ယာဉ်မောင်းကိုတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးထားတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက တာဝန်ရှိသူအချို့က​ပြောတယ်။

အောက်တိုဘာလ၅ ရက်နေ့က မြင်းခြံအကျဉ်းဦးစီးဌာနရဲ့ အရာရှိ ဦးဝင်းနိုင်စိုးရဲ့ ဇနီး ဒေါ်နီနီဝင်း၊မြေး မရွန်းချယ်ရီဟိန်း နဲ့ ယာဉ်မောင်းဦးမင်းခန့်တို့ကို မြင်းခြံ- မြို့သာလမ်းပိုင်းတစ်​နေရာမှာ တော်လှန်ရေး တပ်ဖွဲ့တခုက ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

“ယာဉ်တွေစစ် ဆေးရင်း ခဏထိန်းသိမ်းထားတယ်လို့သိရပါတယ်။ကလေးကို တော့ပြန်ပို့ဖို့ လုပ်နေပါတယ်။အမျိုးသမီးကတော့စစ်ဆေး စရာရှိလို့ ခဏထိန်းသိမ်းထားအုံးမယ်လို့ သိရပါတယ်”လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့(မြင်းခြံ ပကဖ)ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေသကာကွယ်ရေးတပ်ဖွဲ့တခုကထိန်းသိမ်းထားတယ်ဆိုတာကိုပဲသိရ​သေးပြီး အဖွဲ့နာမည်ကို တော့ ထုတ်ဖော် ပြောကြားခြင်းမရှိပါဘူး။

ဖမ်းဆီးခံထားရသူ ဒေါ်နီနီဝင်းရဲ့ အမျိုးသား ဦးဝင်းနိုင်စိုးဟာ မြင်းခြံ ထောင်ပိုင်က အာဏာလွှဲပေးထားပြီး အဆောင်မှူးချုပ်လို့ထောင်မှာ၎င်းကို ခေါ်ကြတယ်လို့ မြင်းခြံ ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံ ရေး အကျဉ်းသားတွေကပြောပါတယ်။

မြင်းခြံထောင်မှာ၃ပွင့်အရာရှိ ၃ ဦးရှိပြီးဆက်သွယ် ရေးကိုကိုင်တွယ်တဲ့ ဦးဝင်းကြိုင်၊ကွမ်းဆေးလိပ် ရောင်းချသူအရာရှိနောက်တဦးနဲ့ နှိပ်စက်ညှင်းပန်းရေးပိုင်းကို တာဝန်ယူထားသူဟာ ဦးဝင်းနိုင်စိုးဖြစ်တယ်လို့သိရပါတယ်။

ဦးဝင်းနိုင်စိုး ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်​တွေထဲက တစ်ခုက အင်းစိန်ထောင်ကနေ လွတ်ရက်မရှိ ပြောင်း ရွေ့လာတဲ့ အသက် ၂၀ အရွယ်နိုင်ငံ ရေးအကျဉ်းသား ကိုနိုင်ဝင်းထွန်း(ခ) ဖားပြုတ်ကို ဦးဝင်းနိုင်စိုးနဲ့ လက်ပါးစေ တွေက ထောင်ထဲက နေ ခေါ်ယူရိုက်နှက်တာ ကြောင့် ၂၀၂၄ခုနှစ်မှာ သေဆုံးခဲ့တယ်လို့ နိုင်ငံ​ရေးအကျဥ်းသား​ဟောင်းတချို့က​ပြောတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကလည်းသူအ​တွေ့အကြုံကို​ပြောတာမှာ ထောင်အတွင်းလက်ကိုင်ဖုန်းတချို့ အသုံးပြုမှုပေါက်ကြားတာ ကြောင့် ဦးဝင်းနိုင်စိုးနဲ့ အဖွဲ့က နိုင်ကျဥ်း​တွေနေထိုင်ရာ အဆောင်ကို အကျဉ်းသားတွေ ခေါ်ထုတ်ရိုက်နှက်ခဲ့တာမို့ သေဆုံးသူ၊‌‌ ပြန်ရောက်မလာဘဲ ပျောက်ဆုံးသွားသူ တွေလည်းရှိတယ်လို့ ကပြောပါတယ်။

“အဆောင် တွေမှာပြသနာတက်ရင်သူ့ဆီ(ဦးဝင်းနိုင်စိုး)ဆီကိုပဲပို့ရတာ။နိုင်/ကျဉ်းဆိုရင်ကျဉ်စက်တွေနဲ့တို့တယ်။နာမည်ထွက်ထားတဲ့ နိုင်ကျဉ်း တွေဆိုရင် ခေါင်းကို အဝတ်မဲတွေနဲ့အုပ်ပြီး ဗူးထဲကို ခေါ်သွင်းသွားတယ်။ဘယ်သူရိုက်လို့ရိုက်မှန်းမသိဘူး။ဒဏ်ရာရတဲ့သူတွေရတယ်။သေတဲ့လူတွေလည်း သေတယ်”လို့ နိုင်ငံရေးအကျဉ်းသား ဟောင်းက ဆက်ပြောပါတယ်။

တခြားထောင်တွေကနေအပြောင်းအရွေ့နဲ့ ရောက်လာတဲ့ နိုင်/ကျဉ်းတွေကိုထောင်ဗူးဝကနေ ရိုက်နှက်ညှင်းဆဲတာ​တွေကိုလည်း ဦးဝင်းနိုင်စိုးရဲ့ အမိန့်နဲ့ပဲ လုပ်တာလို့နိုင်ကျဥ်း​ဟောင်းအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြင်းခြံအကျဉ်းထောင်မှာနှစ်ရှည်ထောင်ချခံထားရတဲ့နိုင်ငံရေးအကျဉ်း သားလူငယ်အမျိုးသားလုံလောက်တဲ့ဆေးဝါးကုသမှုမရလို့ အောက်တို ဘာလ ၁၈ ရက်မှာ သေဆုံးသွားတယ်ဆိုတာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM ) ထံက သိရပါတယ််။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ထောင်တွင်းမှာ ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ကြတဲ့ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ခြေချင်းခတ်ကာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ (ဇူလိုင် ၂ရက် ) မှာ ထုတ်ပြန်အသိပေးပါတယ်။

သတင်း

သေဆုံးသူဟာ နိုင်ငံရေးပုဒ်မ ၅၀၅(က) နဲ့ ထောင် ၃ နှစ် ကျခံနေရသူ မြင်းခြံမြို့နယ် ၊မကျီးစုရွာသား အသက် ၄၃ နှစ်အရွယ် ဦးစိန်ဝင်း ဖြစ်တယ်လို့ သိရပါတယ်။

သတင်း

မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ နီးပါးရှိနေပြီး NLD အစိုးရ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မန္တလေး ၊မုံရွာနဲ့ မြင်းခြံသပိတ် သမားတွေ ၊ စစ်ကောင်စီကိုတော်လှန်သူတွေကို ဖမ်းဆီးအကျဉ်းချထားပါတယ်။