Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကိုတိုက်ခိုက်ဖို့ ဒရုန်းတွေအဆင်သင့်ဖြစ်နေပြီလို့ အင်းတကော်တပ် ပြော

စစ်ကောင်စီတပ်ကိုတိုက်ခိုက်ဖို့ ပိုထိရောက်တဲ့ Fixed Wing ဒရုန်းတွေ အဆင်သင့်ဖြစ်နေပြီလို့ အင်းတကော်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အင်းတကော်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)က ရဲဘော်တွေ ဒရုန်းပြင်ဆင်မှုလုပ်နေစဉ်။ ဓာတ်ပုံ - IPDF

အောက်တိုဘာ-၁၀၊ ၂၀၂၅။မိုမို/People’s Spring

စစ်ကောင်စီတပ်ကိုတိုက်ခိုက်ဖို့ ပိုထိရောက်တဲ့ Fixed Wing ဒရုန်းတွေ အဆင်သင့်ဖြစ်နေပြီလို့ အင်းတကော်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

တောင်ပံတပ်ထားတဲ့ Fixed Wing ဒရုန်းတွေကမြန်နှုန်းမြင့်ပြီး ဘက်ထရီသက်တမ်းအလိုက်ပိုဝေးတဲ့အကွာအဝေးကိုပျံနိုင်သလို ခဲယမ်းသယ် ဆောင်နိုင်မှုအပိုင်းမှာလည်း ပုံမှန် ဒရုန်းတွေထက် ပိုသယ်နိုင်တယ်လို့ ဆိုပါတယ်။

“အကြိမ်ပေါင်းများစွာပါပဲ။ ဒါပေမယ့် ကိုယ့်အစုဖွဲ့လေးနဲ့ ထိုးစစ်မဟုတ်တဲ့ အလစ်ငိုက်ချောင်းလုပ်တဲ့မစ်ရှင်တွေလောက်ပဲ လုပ်နိုင်ခဲ့တာပါ။စကစကာကင်းစခန်းတို့ ဂိတ်တဲတို့ တပ်ရင်းတွေထဲတို့ အကြိမ်များစွာလုပ်ခဲ့ဖူးပါတယ်။အခုကတော့ စုဖွဲ့မှုပိုကောင်း လာတော့ ပိုပြီးထိရောက်စွာ လုပ်ဖို့ကြိုးစားပြင်ဆင်နေပါတယ်”လို့ အထက်ပါတာဝန်ရှိသူက Fixed Wing ဒရုန်းတွေနဲ့ပတ်သက်ပြီး ပြောပါတယ်။

Public Service Announcement

Public Service Announcement

Fixed Wing ဒရုန်းတွေကိုအသေခံဒရုန်းအဖြစ်လည်း လက်ရှိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေနှစ်ဖက် အသုံးပြုနေတာရှိပါတယ်။

မြေပြင်တိုက်ခိုက်ရေးစစ်ကြောင်းတွေကလည်း ပဲခူးခရိုင်စစ်ကြောင်းမှာတာဝန်ထမ်းဆောင်နေကြပြီဖြစ်ပြီး မြေပြင်လှုပ်ရှားမှုတွေပြုလုပ်နေပြီလို့ အင်းတကော်တပ်ဖွဲ့က အသိပေးပါတယ်။

အထွေထွေထိုးစစ်ကြိုတင်ပြင်ဆင်မှုအတွက်ပဲခူးခရိုင် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်းကို အခုအောက်တိုဘာ၅ ရက်က ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

ပဲခူးခရိုင်ပကဖကိုအထူးတိုင်းစစ်ဌာနရဲ့စစ်ဆင်ရေးကွပ်ကဲမှူနဲ့အတူ စစ်တောင်းမြစ်ဝှမ်းကနေ ပဲခူး၊ ရန်ကုန်စစ်ဆင်ရေးတွေမှာ အစွမ်းကုန် ပူးပေါင်းသွားမဲ့ စိတ်ဓာတ်ပြတ်သားပြီး လေ့ကျင့်သားဝတဲ့ ပကဖ တိုက်ခိုက်ရေးရဲဘော်တွေ၊ ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတဲ့ စစ်ကြောင်းတကြောင်းဖြစ်တယ်လို့ ကြေညာထားပါတယ်။

ပဲခူးခရိုင်ပကဖ စစ်ကြောင်းက အမှတ်(၁)စစ် ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှူအတွင်းမှာရှိတဲ့ ဝေါ၊ကဝ၊သနပ္ပင်၊ပဲခူး (အင်းတကော်၊ ဘုရားကြီး၊ပဲခူး) မြို့နယ်မှ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ)တွေကို ပေါင်းစည်းထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Facebook