Connect with us

Hi, what are you looking for?

သတင်း

ဆီမီးသပိတ်မှာကျဆုံးခဲ့သော ကျောင်းသားပြည်သူတွေအတွက် စစ်ကိုင်းနဲ့မကွေးမှာဆုတောင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဆီမီးသပိတ်မှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသားပြည်သူတွေအတွက် ဆုတောင်းခြင်း သပိတ်လှုပ်ရှားမှုတွေဒီကနေ့ မှာအသီးသီး ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ-၁၀၊၂၀၂၅။သုည/People’s Spring

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဆီမီးသပိတ်မှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသားပြည်သူတွေအတွက် ဆုတောင်းခြင်း သပိတ်လှုပ်ရှားမှုတွေဒီကနေ့ မှာအသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ “တော်လှန်ဆီမီးထွန်းသပိတ်” လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျဆုံးခဲ့တဲ့ ပြည်သူတွေကို ဖယောင်းတိုင်ထွန်း အောက်မေ့သတိရ ဝမ်းနည်းခြင်း ပြုလုပ်ခဲ့ကြပါတယ်။

ယင်းသပိတ်ကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေနဲ့ တော်လှန်ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျဆုံးခဲ့တဲ့ မုံရွာ-ချောင်းဦးက ဒေသခံပြည်သူတွေ၊ လူထုလှုပ်ရှားမှု ဦးဆောင်ဦးရွက်ပြုရင်း မြင့်မြတ်စွာအသက်ပေးလှူခဲ့တဲ့ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေကို ဖယောင်းတိုင်ထွန်း အောက်မေ့သတိရဝမ်းနည်းခြင်းအစီအစဉ် ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့နယ်မှာလည်း သပိတ်အင်အားစုက စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်” ၊ “ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်”စာသားကိုင်ဆောင်ပြီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

မကွေးတိုင်းယောဒေသမှာလည်းယောကာကွယ်ရေးတပ် – YDF က ယောဒေသ အပါအဝင် မြန်မာတနိုင်ငံလုံးရှိ အာဏာရှင်စနစ်အား အမြစ်ပြတ် တွန်းလှန်နိုင်ရေးအတွက် တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သော ရဲဘော်အပေါင်းတို့အား အောက်မေ့ဖွယ်ဆီမီးထွန်းဂုဏ်ပြုခြင်း အခမ်းအနားပြုလုပ်ခဲ့ပါတယ်။

(ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ GSCB ၊ ကလေးမြို့နယ်သပိတ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။