Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်မှာ တိုက်ပွဲဖြစ်နေ၊ စစ်ကောင်စီက လေကြောင်းပစ်ကူသုံး ခုခံနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ ရွာသာကြီးကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဝက်လက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက စက်တပ်လေထီးသုံးပြီး တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - ဝက်လက် ပကဖ

အောက်တိုဘာ-၁၄၊ ၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ ရွာသာကြီးကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ၁၂ ရက်ညပိုင်းကစပြီးရွာသာကြီးကျေးရွာကို တော်လှန် ရေးအင်အားစုတွေက ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒီကနေ့(အောက်တိုဘာ ၁၄ရက်)အထိ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ရွာသာကြီးက ဝက်လက်မြို့အတွက် ကာကင်းပုံစံရွာလိုမျိုးပဲ။စကစ တပ်စွဲထားတာတော့ကြာပြီ။အင်အား ၄၀ပတ်ချာလည်လောက်ရှိတယ်”လို့ ဝက်လက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကို ဂျက်ဖိုက်တာ၊ဂျိုင်ရိုကော်ပတာတွေ အသုံးပြုပြီး စစ်ကောင်စီ က ခုခံနေတယ်လို့ သူက ဆက်ပြောပါတယ်။

“ရွာသာကြီးကိုတီးနေတာ ၂ရက် ၂ညရှိပြီ။ တိုက်ပွဲဝင်ပေးနေတဲ့ ရင်းတွေ၊ ဒေသတွင်းတပ်တွေ အထိအခိုက်နည်းပြီး အောင်ပွဲရပါစေ”လို့ ဝက်လက်မြို့နယ် ပကဖက ဒီကနေ့ နေ့လယ်ပိုင်းမှာ အသိပေးထားပါတယ်။

“ရွာသာကြီးရွာက ရွှေဘို- မုံရွာ ဖြတ်လမ်း လမ်းဆုံမှာရှိတာ။ဝက်လက်မြို့နဲ့ကလည်း သုံးလေးမိုင်ပဲ ဝေးတယ်”လို့ ဝက်လက်ဒေသခံတစ်ဦးက ပြောပါတယ်။

အခု အောက်တိုဘာပထမပတ်မှာလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ ကာကွယ်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။

စစ်ရေးအခြေအနေအရ ဝက်လက်မြို့နယ်အရှေ့ခြမ်းက လမ်းပိုင်းတွေအားလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၅ရက်ကစပြီး အသုံးပြုခွင့် ယာယီပိတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။