Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့အနီး တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်ကကျေးရွာနှစ်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး စစ်ကောင်စီတပ်က မြေပြင် စစ်ကြောင်းအပြင် ဒရုန်း၊လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က သတင်းထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့အနီးမှာ လက်နက်ပြင်ဆင်နေတဲ့ TNLA တပ်ဖွဲ့ဝင်နှစ်ဦး။ ဓာတ်ပုံ - AFP

အောက်တိုဘာ-၁၅၊၂၀၂၅။မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်ကကျေးရွာနှစ်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး စစ်ကောင်စီတပ်က မြေပြင် စစ်ကြောင်းအပြင် ဒရုန်း၊လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်ဖို့ကြိုးစားနေတဲ့ သီ‌ပေါမြို့ရဲ့ ဒီ‌ကနေ့ အောက်တိုဘာ ၁၅ရက် ညနေ အခြေအနေကို SSPPက ၄နာရီခန့်မှာ ထုတ်ပြန်တာပါ။

ဘော်ကြိုကျေးရွာအုပ်စုထဲက နားခိုင်းကျေးရွာနဲ့ ကောင်းခါးကျေးရွာမှာ စစ်ကောင်စီတပ်က အင်အား ၃၀၀ဝန်းကျင်နဲ့ TNLAတို့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေဟာ သီပေါမြို့နဲ့ ၂မိုင်ခန့်သာ ဝေးတာပါ။ တိုက်ပွဲကြောင့်ကျေးရွာအချို့ထိခိုက်ပျက်စီးမှုရှိပြီးလက်ရှိမှာအသေးစိတ်အသိမပြုနိုင်သေးဘူးလို့ SSPP က ဆိုပါတယ်။

ကျောက်မဲမြို့ကို အောက်တိုဘာ ၁ရက်ကထိန်းချုပ်ပြီူတဲ့နောက် စစ်ကောင်စီတပ်စစ်ကြောင်းအချို့ဟာ သီပေါမြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတာပါ။ကျောက်မဲနဲ့ သီ‌ပေါမြို့ကြားထဲက လွယ်ခေါ်ရွာမှာ တစ်ပတ်ခန့်အကြာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်းတွေရှေ့ကို တိုးလာတာပါ။

သီပေါဒေသခံအများစုဟာ လားရှိုးမြို့ကိုတိမ်းရှောင်နေကြပြီး ကိုးကန့် တပ်မတော် (MNDAA)ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာလည်း သွားရောက်နေထိုင်သူတွေရှိနေပါတယ်။ ဒါ့အပြင် သီပေါမြို့ထဲမှာ ကျန်နေသူတွေလည်းရှိနေပါသေးတယ်။

ရှေးဟောင်းစေတီရှိပြီး ရှမ်းရွာကြီးဖြစ်တဲ့ မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်က ဘော်ကြိုရွာအနီးမှာ သံဃာတော်တွေကမေတ္တာရပ်ခံလို့ TNLAကအောက်တိုဘာ ၁၃ရက် ကဆုတ်ခွာပေးပြီးတဲ့နောက်ပိုင်း ဘော်ကြိုနဲ့ သီပေါမြို့ကြားကကျေးရွာတွေကိုစစ်ကောင်စီတပ်စစ်ကြောင်းတွေဝင်လာပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေပါတယ်။

စစ်ကောင်စီတပ်က သီပေါမြို့နယ် အထက်နမ့်ဟူးနွဲ့ကျေးရွာ၊ ခါလိန်ကျေးရွာနဲ့စံဖိတ်ကျေးရွာ အနီးဝန်းကျင်နေရာတွေကို အောက်တိုဘာ ၁၄ရက် ညနေပိုင်းမှာ Y12လေယာဉ်နဲ့ဗုံးအလုံး ၃၀ခန့် ကြဲချခဲ့တယ်လို့လည်း SSPPက ထုတ်ပြန်ထားပါတယ်။

သီပေါမြို့နယ်ထဲက ကျေးရွာတချို့ကို SSPPက ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် ဒေသတွင်းစစ်ရေးအခြေအနေကို SSPPက ထုတ်ပြန်ပေးနေတာဖြစ်ပါတယ်။

ဒီကနေ့ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းထဲက တပ်ဖွဲ့ဝင်အချို့ဟာ သီပေါမြို့ထဲအထိ စတင်ဝင်ရောက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ကျောက်မဲမြို့ကိုစစ်ကြောင်းဝင်ခဲ့စဉ်က အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတာ၊ သတ်ဖြတ်တာနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာမို့ သတိပြုကြဖို့ အရပ်ဖက်အဖွဲ့တွေက သတိပေးထားပါတယ်။

စစ်ကောင်စီတပ်က အရပ်သားတွေကို ဦးတည်ပြီး လေကြောင်းနဲ့လက်နက်ကြီးအသုံးပြု တိုက်ခိုက်နေလို့ ဘေးကင်းတဲ့နေရာမှာ နေထိုင်ကြဖို့နဲ့ ဒေသခံတွေကိုကူညီကြဖို့ တအာင်းပြည်ကောင်စီ (TLC)က အောက်တိုဘာ ၁၄ရက် မှာ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။