Connect with us

Hi, what are you looking for?

သတင်း

မိုင်းငေါ့ဈေးအနီး စစ်ကောင်စီ ဗုံးကြဲမှု ဒေသခံ ၂ဦးသေဆုံး၊ ၂ဦးဒဏ်ရာရ

TNLA ထိန်းချုပ်မြို့တွေကို ၂၁ရက်အတွင်း အကြိမ် ၃၀ကျော် ဗုံးကြဲ

မိုင်းငေါ့မြို့မဈေးအနီးကို စစ်ကောင်စီ ဗုံးကြဲအပြီး ပျက်စီးမှုမြင်ကွင်း။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၂၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်မြောက်ပိုင်း၊မိုင်းငေါ့မြို့မဈေးအနီးကိုမ‌နေ့က(အောက်တိုဘာ ၂၀ရက်) ညမှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲလို့ ဒေသခံနှစ်ဦးသေဆုံးပြီး ၂ဦးဒဏ်ရတယ်လို့ တအာင်းတပ်မတော်(TNLA)က သတင်း ထုတ်ပြန်ပါတယ်။

မိုင်းငေါ့မြို့မစျေးအနီးကို ည ၈နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂လုံးလာကြဲခဲ့လို့ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ဦးသေဆုံးသွားခဲ့ပြီး ၂ ဦးဒဏ်ရာရတယ်လို့ ဒီ‌နေ့ အောက်တိုဘာ ၂၁ရက်မနက်ပိုင်းမှာ ထုတ်ပြန်တာပါ။

ဗုံးကြဲမှုကြောင့် နေအိမ် ၁၀လုံးနဲ့ ဆိုင်ခန်း ၅ ခန်းလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မိုင်းငေါ့မြို့မဈေးအနီးကို စစ်ကောင်စီ ဗုံးကြဲအပြီး ပျက်စီးမှုမြင်ကွင်း။ ဓာတ်ပုံ – TNLA

ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့ကို ပြန်လည်သိမ်းယူပြီးတဲ့နောက် TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်ကောင်စီက နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

အောက်တိုဘာ ၁ရက်ကနေ အောက်တိုဘာ ၁၈ရက်အထိအထိ မန်တုံ၊ ကျောက်မဲ၊ သီပေါ၊မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်မြို့နဲ့ မိုးကုတ်မြို့တွေကို လေကြောင်းကနေ ၂၈ကြိမ် ဗုံးကြဲခဲ့ပြီး ဒေသခံ ၄၁ဦးသေဆုံးပြီး ၄၄ဦးဒဏ်ရာရခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၉ရက်နဲ့ ၂၀ရက်မှာလည်း နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နဲဘမိုးကုတ်မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ထိခိုက်သေဆုံးမှုအရေအတွက်ဟာ TNLAထုတ်ပြန်ချက်ထက် ပိုမိုများပြားပါတယ်။

စစ်ကောင်စီက ဒေသအနှံ့မှာ အရပ်သားပြည်သူတွေပေါ်ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်းနဲ့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့၊ လေကြောင်းရန်နဲ့လက်နက်ကြီးရန်ကိုကာကွယ်ကြဖို့ TNLAက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။