Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့ထဲ စစ်ကောင်စီတပ် ဝင်လာလို့ မြို့ခံတွေတိမ်းရှောင်နေရ

မန္တလေးတိုင်း ၊နွားထိုးကြီးမြို့ ပေါ်ကို စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် မြို့ခံတွေ တိမ်းရှောင်ရတာတွေရှိနေတယ်လို့ မြို့ခံအချို့ဆီကရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စစ်ရေးလေ့ကျင့်ပုံ ( ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီ

အောက်တိုဘာ – ၂၁ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊နွားထိုးကြီးမြို့ ပေါ်ကို စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် မြို့ခံတွေ တိမ်းရှောင်ရတာတွေရှိနေတယ်လို့ မြို့ခံအချို့ဆီကရပါတယ်။

အောက်တိုဘာလ၁၈ ရက်မနက်ပိုင်း၅ နာရီခန့်ကစတင်ပြီးအင်အား ရာဂဏန်းရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ နွားထိုးကြီးမြို့ထဲ ဝင်ရောက်လာတာလို့သိရပါတယ်။

တဆက်တည်းမှာပဲ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ မြို့ ပေါ် ရှိ အမှတ် ( ၆ ) ရပ်ကွက်မှာ ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြို့ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းနဲ့အတူ သီတာယုမွန် ရဲ့ ပျုစောထီး အဖွဲ့ လည်း ပါဝင်လာပြီး နေအိမ်တွေ ဖောက်ယူတာတွေရှိနေတယ်လို့ သိရပါတယ်။ မြို့ပေါ်မှာ မရှောင်နိုင်ဘဲ ပိတ်မိနေသူတွေလည်းရှိတယ်လို့ မြို့ခံကိုပြောပါတယ်။

“ကျမက အောက်တိုဘာ ၁၅ မနက်အစောက ထွက်လာလို့ လွတ်လာတာ၊ အိမ်မှာအစောင့် အဖေကကျန်ခဲ့တော့ ပြန်ခေါ်ဖို့ ဝင်မရတော့ဘူး ”လို့ နွားထိုးကြီးမြို့ခံ အမျိုးသမီး တစ်ဦး အခြေအနေကို ပြောပါတယ်။

မြို့ကို စစ်ကောင်စီတပ်က စီးထားပေမယ့် တိုက်ပွဲဖြစ်တာတော့မရှိဘူးလို့သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဟာ အခု နှစ်လယ်ပိုင်းကစတင်ပြီး မြင်းခြံ၊နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်စတဲ့ဒေသတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။

မြေပြင်ကခြေလျင်တပ် စစ်ကြောင်းထိုးနိုင်ဖို့အတွက် ဗုံးကြဲတာ ၊ လက်နက်ကြီးပစ်ကူပေးတာ အပြင် စက်တပ်လေထီးတွေ ကိုပါသုံးပြီး တိုက်ခိုက်တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook