Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် KIAတပ်ရင်း(၆)နယ်မြေကို စစ်ကောင်စီက ဗုံးအလုံးရေ ၄၀ခန့် ကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့(အောက်တိုဘာ၂၁ရက်) မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံးရေ ၄၀ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ-AFP

အောက်တိုဘာ-၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့(အောက်တိုဘာ၂၁ရက်) မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံးရေ ၄၀ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၆)နယ်မြေ ကံဆီးဒေသကို လေကြောင်းတိုက်ခိုက်လာတာဖြစ်တယ်လို့ သတင်းရင်းမြစ်အချို့ကလည်း အသိပေးထားပါတယ်။

“ အကြိမ် ၄၀နီးပါးလို့ ပြောပါတယ်။ Y12နဲ့ “လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် အထိအခိုက်မရှိဟုလည်း အခြား ကချင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ဖားကန့်ဒေသကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်တာတွေ မကြခာဏ ပြုလုပ်နေပြီး အရပ်သား ပြည်သူသေဆုံးထိခိုက်တာတွေလည်းရှိပါတယ်။

ဖားကန့်ဒေသကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်အင်အားတွေဖြည့်တင်း စစ်ရေးလှုပ်ရှားနေလို့ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ အကြား တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားနေတာပါ။

တိုက်ပွဲ ၄လကျော်ကြာ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး အရေးပေါ် အကူအညီတွေလည်းလိုအပ်နေတယ်လို့ ဆိုပါတယ်။

လတ်တလော ကချင်ဒေသ စစ်ရေးအခြေနေနဲ့ပတ်သက်ပြီး စစ်ရေးသတင်းရင်းမြစ်အချို့ အား မေးမြန်းရာ ဗန်းမော်ဘက်မှာလည်း အောက်တိုဘာ ၂၀ရက်နဲ့ ၂၁ရက်မှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ပြောပါတယ်။

စစ်ရေး အခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာလအတွင်း ကလေးငယ်တွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက အောက်တိုဘာ ဒုတိယပတ်အတွင်း သတင်းဖော်ပြချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။