Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ နှစ်နေရာကို စစ်ကောင်စီ ဗုံးထပ်ကြဲ

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းက နေရာနှစ်ခုကို စစ်ကောင်စီတပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပါတယ်။

ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၁၊ ၂၀၂၅။ အိမ်သွင်/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းက နေရာနှစ်ခုကို စစ်ကောင်စီတပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပါတယ်။

နေ့လယ် ၂နာရီ ၅၉မိနစ်ခန့်နဲ့ ၃နာရီ ၁မိနစ်ခန့်မှာ ဗုံးကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးတစ်လုံးက မိုးကုတ်မြို့အရှေ့ပိုင်း ကန်တော်ကုန်းအထက်နားကို ကျရောက်ပေါက်ကွဲပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ နောက်တစ်လုံးကတော့ တောတောင်တွေဘက်ကို ကျရောက်ပေါက်ကွဲတယ်လို့ဆိုပါတယ်။

“ကန်တော်ကုန်းက ဖူဆယ်ဘောလုံးကွင်းကို ကြဲတာ။ အထိအခိုက်တွေရှိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – CJ

ဒီနေ့ နေ့လယ်ပိုင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး TNLAက သတင်းထုတ်ပြန်ထားပေမယ့် ထိခိုက်မှုအခြေအနေကို ဖော်ပြထားခြင်းမရှိသေးပါဘူး။ အောက်တိုဘာ ၁၆ရက်နဲ့ ၂၀ရက်တွေကလည်း မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက နောင်ချို၊ သီပေါနဲ့ ကျောက်မဲမြို့တွေကို သိမ်းယူပြီးတဲ့နောက်ပိုင်း ပြန်လည်သိမ်းယူထားတဲ့ မြို့နယ်တွေအပြင် ကျန်တဲ့မြို့နယ်တွေကိုလည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပါတယ်။ အောက်တိုဘာ ၁ရက်ကနေ ၁၈ရက်အထိ မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်မြို့နဲ့ မိုးကုတ်မြို့တွေကို လေကြောင်းကနေ ၂၈ကြိမ် ဗုံးကြဲခဲ့ပြီး ဒေသခံ ၄၁ဦးသေဆုံးကာ ၄၄ဦးဒဏ်ရာရခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၁၉၊ ၂၀ရက်နဲ့ ဒီ‌နေ့မှာလည်း နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နဲ့ မိုးကုတ်မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ထိခိုက်သေဆုံးမှုအရေအတွက်ဟာ ထပ်တိုးလာနေပါတယ်။

စစ်ကောင်စီတပ်က ဒေသအနှံ့မှာ အရပ်သားပြည်သူတွေအပေါ်ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်းနဲ့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့၊ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကို ကာကွယ်ကြဖို့ TNLAက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။