Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတိုး/People’s Spring

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

“မိုင်း ၂လုံးနဲ့ ပင်မဂိတ်အနီးဆုံး ကပ်လျက် ဖောက်ခွဲနိုင်ခဲ့ပါတယ်။ဂိတ်ကင်း အစောင့်တွေ ထိခိုက်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို မတ်လ ၃ရက် ည ၇နာရီခွဲခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်အားလုံး ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

OFအဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၂၃ ရက်ကလည်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

Operation Flame (OF)အဖွဲ့အနေဖြင့် ရန်ကုန် တော်လှန်ရေးမဟာမိတ်များအားလုံးနှင့် အတူလက်တွဲ၍ စစ်ကောင်စီကို အရှိန်မြင့်တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်က သောင်ကြီးနယ်မြေရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီးနေတဲ့ ရန်ကုန်မြို့က ဗဟန်းမြို့မရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။