Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးတပါး ပျံလွန်တော်မူ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကော်ပေါင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတပါး ပျံလွန်တော်မူသွားကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

၂၀၂၅ အောက်တိုဘာ ၂ရက်က ကျောက်မဲမြို့နယ်ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကော်ပေါင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတပါး ပျံလွန်တော်မူသွားကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၄ရက် ညနေ ၄နာရီလောက်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတာလို့ ဖော်ပြထားပြီး လူထိခိုက်သေဆုံးမှု ရှိခဲ့သလို အသေးစိတ်အချက်အလက်တွေ ထပ်မံ ဖော်ပြသွားမယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့တွေကို ပြန်လည်ရယူထားနိုင်ပေမယ့် မြို့နယ်အတွင်း ကျေးရွာတွေကို လေကြောင်း ဗုံးကြဲတာတွေ ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၈ရက်ကလည်း ကျောက်မဲမြို့ (၁၁)မိုင်ရွာကို စစ်ကောင်စီ ဗုံးကြဲလို့ သံဃာ ၂ပါး ထိခိုက်ခဲ့ပြီး နောက်ပိုင်းမှာ ၂ပါးစလုံး ပျံလွန်တော်မူခဲ့ပါတယ်။

စစ်ကောင်စီဟာ TNLA ထိန်းချုပ်မြို့ရွာတွေကို လေကြောင်း စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး အခုအောက်တိုဘာ ၂၄ရက်တာအတွင်း လေကြောင်းကနေ အကြိမ်ပေါင်း ၄၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့လို့ ကလေးငယ်နဲ့ သံဃာ ၃ပါး အပါအဝင် ပြည်သူ ၅၀ ဦးနီးပါး သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း TNLA ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်း လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်လုပ်ဆောင်နေပြီး အထူးသဖြင့် အရပ်သား ပြည်သူနေထိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။