Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ အောက်ဆိုဒ်ကားမှောက်ပြီး ခရီးသည် တစ်ဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်မှာ အောက်ဆိုဒ်ပြေးဆွဲတဲ့ကားတစ်စီး တိမ်မှောက်ရာ ခရီးသည်တစ်ဦးသေပြီး ခုနစ်ဦး ဒဏ်ရာရတယ်လို့ လူမှုကူညီရေးအသင်းအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယာဉ်တိမ်းမှောက်ဖြစ်ပြီးနောက် တွေ့ရသော အောက်ဆိုဒ်ကား။ ဓာတ်ပုံ - Tuntun Oo Duwon

အောက်တိုဘာ-၂၅၊ ၂၀၂၅။မိုမို/People’s Spring

ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်မှာ အောက်ဆိုဒ်ပြေးဆွဲတဲ့ကားတစ်စီး တိမ်မှောက်ရာ ခရီးသည်တစ်ဦးသေပြီး ခုနစ်ဦး ဒဏ်ရာရတယ်လို့ လူမှုကူညီရေးအသင်းအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၂၅ ရက်)မနက် ၈နာရီဝန်းကျင်က မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်မှာ အောက်ဆိုဒ်ပြေးဆွဲတဲ့ Light Truck ကား တိမ်မှောက်ခဲ့တာလို့ ဆိုပါတယ်။

“မီးနီးဖြတ်ရင်း ဖြစ်တာ။တဖက်လမ်းက တက္ကစီပေါ်လာတော့ ရှောင်ရင်းမှောက်သွားတာ”လို့ ဖြစ်စဥ်ကို ကူညီခဲ့သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အောက်ဆိုဒ်ကားပေါ်မှာ အမျိုးသားလေးဦး၊အမျိုး သမီးသုံးဦး စုစုပေါင်းခရီးသည် ခုနစ်ဦးပါပြီး အမျိုးသားတစ်ဦးက စိုးရိမ်ရတယ်လို့ အသိပေးပါတယ်။

“ဖြစ်စဥ်နေရာမှာ သေသွားတာက ယာဥ်မောင်းပါ။ခေါင်းခန်းမှာပါတဲ့ နောက်အမျိုးသားတစ်ယောက်က အခု ICUထဲ ဝင်နေရတယ်”လို့ လင်းလက် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဥ်တွေဟာ ယာဉ်ထွက်ရှိတဲ့ အချိန်ကြာမြင့်တာ ၊ ဘတ်စ်ကားအသုံးပြုသူ များလာတာတွေနဲ့အတူ အောက်ဆိုဒ်ကားတွေ ပြန်ခေတ်စားလာတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။

“လိုက်ထရပ် နဲ့ ဘုရားဖူးသွားတာ အဖမ်းခံရတယ်။လိုက်ထရပ်ကားဆိုတာ လူမတင်ရဘူးကုန်တင်ဖို့တဲ့ ကျပ်၃၀၀၀၀ ပေးခဲ့ရတယ်။ရန်ကုန်မှာ အောက်ဆိုက်ဆွဲလို့ရတယ်တရက် ၃၀၀၀၀ ပေါ့။ဗန္ဓုလ တံတားဆိုရင် လမ်းပြောင်ပြန် မောင်းခွင့်တောင် ပေးထားသေးတယ်”လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။