Connect with us

Hi, what are you looking for?

သတင်း

ဆောမှာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်တဲ့ သံသယတရားခံရဲဘော်ကို PDF ဖမ်းဆီးစစ်ဆေး

မကွေးတိုင်း၊ ဆောမြို့မှာ အသက်(၁၃)နှစ် အရွယ် မိန်းကလေးငယ်တဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ ကာကွယ်ရေးရဲဘော်တစ်ဦးကို ဆောပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အောက်တိုဘာ-၂၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

မကွေးတိုင်း၊ ဆောမြို့မှာ အသက်(၁၃)နှစ် အရွယ် မိန်းကလေးငယ်တဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ ကာကွယ်ရေးရဲဘော်တစ်ဦးကို ဆောပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အောက်တိုဘာ၂၁ရက်ကဆောမြို့ကထိန်ပွဲမှာပျောက်ဆုံးခဲ့တဲ့ မိန်းကလေးငယ် ရုပ်အလောင်းကို အောက်တိုဘာ ၂၅ရက်မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။ မသင်္ကာသူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းက ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့လည်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

မိန်းကလေးငယ်ရဲ့ မိသားစုနဲ့ ရင်းနှီးတဲ့ အသက် ၂၁နှစ်အရွယ် မင်းမင်းစိုးဆိုသူက မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တယ်လို့ ဝန်ခံခဲ့တာလို့လည်း ဒေသတွင်း သတင်းတွေ ဖော်ပြနေတဲ့ ယောအလင်းတန်းက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

မိန်းကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ဝန်ခံတဲ့ မင်းမင်းစိုးဆိုသူဟာ ဆော PDFက တပ်ဖွဲ့ဝင်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

“ဆောမှာက လူစုံတယ် ။ အရက်၊ ဘီယာအပြင် စိတ်ကြွမူးယစ်ဆေးတွေလည်းပေါတော့ လူတွေက အမျိုးစုံ ဖြစ်နေကြတော့တာ။ ပြည်သူတွေ ပိုသတိထားနေထိုင်ကြဖို့ လိုတယ်။ ပြီးတော့ ဂိတ်စောင့် ငွေကောက်ရုံ မရဘူး ပြည်သူတွေလုံခြုံဖို့လည်း ကြပ်မတ်သင့်တယ်”လို့ ဒေသ သတင်းရင်းမြစ်က ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်တွန်းပါတယ်။

အဖွဲ့အစည်းတွေဟာ အရင်ထက် ပိုကြပ်မတ်သင့်ပြီး မဟုတ်ပါက အမူအခင်းဖြစ်ရပ်တွေ အခုထက် ဆိုးလာမှာလို့လည်း သုံးသပ်ပြောပါတယ်။

“မနေ့ညကလည်း ဆောမြို့ထဲက ဖုန်းဆိုင်အဖောက်ခံရပြီး ဖုန်းပစ္စည်းတွေ အကုန်ခိုးသွားတယ်”လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

ယောအလင်းတန်းရဲ့ ဖော်ပြချက်မှာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ သံသယ တရားခံကို သက်ဆိုင်ရာ အဖွဲ့အစည်းက စစ်ဆေးမှုတွေ ပြုလုပ်နေပြီး တွေ့ရှိချက်တွေကို ပြည်သူတွေထံ တင်ပြမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့