Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးကာလအဖြစ် အောက်တိုဘာ ၂၈မှဒီဇင်ဘာ ၃၁ရက်အထိ တော်လှန်ရေးအင်အားစုတွေ သတ်မှတ်

အာဏာသိမ်းစစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ရေးကာလအဖြစ် အောက်တိုဘာ ၂၈ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ သတ်မှတ်ထားကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB)က ထုတ်ပြန်ကြေညာပါတယ်။

ဓာတ်ပုံ - GSCB

အောက်တိုဘာ-၂၈၊၂၀၂၅။ သုည/People’s Spring

အာဏာသိမ်းစစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ရေးကာလအဖြစ် အောက်တိုဘာ ၂၈ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ သတ်မှတ်ထားကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB)က ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီဟာ အကြမ်းဖက်မှုပေါင်းစုံကျင့်သုံးကာ မတရားအာဏာသိမ်းချိန်မှစ၍ ဒီကနေ့တိုင် ၄င်းရဲ့ အာဏာတည်မြဲရေး ဆောင်ရွက်နေပြီး လူမှုရေး၊ စီးပွါးရေးနဲ့ နိုင်ငံရေးတို့မှာ အကြမ်းဖက်မှု၊ အကျင့်ပျက်ချစားရေးကြီးစိုးစေမှုတို့ကြောင့်တိုင်းပြည်ရဲ့ အရင်းအမြစ်များစွာ ပျက်ဆီးဆုံးရှုံးစေခဲ့ကြောင်း GSCB က ဖော်ပြခဲ့ပါတယ်။

ရလဒ်အနေနဲ့ လူဦးရေ ၁၂သန်းကျော် ထမင်းငတ်နေတဲ့ တိုင်းပြည်၊ မူးယစ်ဆေးဝါးနဲ့ ကျားဖြန့်လောင်းကစားတို့ စခန်းချရာတိုင်းပြည်၊ လုံခြုံမှုမရှိဆုံးနဲ့ နေ့စဉ် အကြမ်းဖက်မှုတို့ဖြင့် ပြည့်နှက်နေတဲ့ တိုင်းပြည်တခုအဖြစ်သို့ သက်ဆင်းသွားကြောင်း GSCBက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုအခြေအနေမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ အတုအယောင်နဲ့ ထောင်ချောက်သာလျှင် ဖြစ်ကြောင်း၊ ဒီရွေးကောက်ပွဲကနေ တိုင်းပြည်ကို မည်သို့သော အပြောင်းအလဲမှ ဆောင်ကျဉ်းနိုင်လိမ့်မည် မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နည်းပရိယာယ်ကြွယ်ကြွယ်သုံးကာ သပိတ်မှောက် ဆန့်ကျင်ကြပါလို့ တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံခဲ့ပါတယ်။

“ဒီကာလကို စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကာလအဖြစ် သတ်မှတ်ပြီး နေရာဒေသအသီးသီးက ပြည်သူတွေအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းလိုပါတယ်။ လွတ်မြောက်နေရာတွေမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ကြဖို့ လိုသလို၊ စစ်တပ်စိုးမိုးတဲ့ နေရာတွေမှာတော့ ကိုယ့်အန္တရာယ်ကင်းနိုင်မယ့် နည်းလမ်းနဲ့ ဆန့်ကျင်ကြဖို့ လိုပါတယ်။ ရွေးကောက်ပွဲကို မဲမပေးပဲ လက်မခံကြောင်းလည်း ပြသနိုင်ပါတယ်” လို့ သပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“မြို့ပြက ပြည်သူတွေအနေနဲ့ဆို စစ်ကောင်စီရွေးကောက်ပွဲကို အဖက်မလုပ်ဖို့ မသွားဖို့ မဲမပေးပဲနေလို့ ရပါတယ်။ နယ်ဘက်မှာဆိုရင်လည်း တော်လှန်ရေးအားသာတဲ့နေရာတွေမှာ ဆန္ဒပြတာတွေ၊ မဲမပေးဖို့ လှုံ့ဆော်တာတွေ လုပ်လို့ရပါတယ်။ စကစ စိုးမိုးတဲ့နေရာတွေမှာတော့ မဲမပေးတာမျိုးတွေ လုပ်ဆောင်လို့ရပါမယ်။ အခုလို ရွေးကောက်ပွဲဆန့်ကျင်ရေးကာလ သတ်မှတ်ပြီး လုပ်ဆောင်တာက တကယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာအနေနဲ့ရော မသိနားမလည်တဲ့ပြည်သူတွေအနေနဲ့ပါ ပါဝင်ဆန့်ကျင်လာအောင် လှုံ့ဆော်တာဖြစ်လို့ အကျိုးသက်ရောက်မယ်လို့ မျှော်လင့်ပါတယ်” လို့ စစ်ကိုင်းဒေသသပိတ်အင်အားစုဝင်တစ်ဦးက ပြောပါတယ်။

မြို့ပြသပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးကလည်း “ဒီကာလကို စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကာလအဖြစ် သတ်မှတ်ပြီး နေရာဒေသအသီးသီးက ပြည်သူတွေအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းလိုပါတယ်။ လွတ်မြောက်နေရာတွေမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ကြဖို့ လိုသလို၊ စစ်တပ်စိုးမိုးတဲ့ နေရာတွေမှာတော့ ကိုယ့်အန္တရာယ်ကင်းနိုင်မယ့် နည်းလမ်းနဲ့ ဆန့်ကျင်ကြဖို့ လိုပါတယ်။ ရွေးကောက်ပွဲကို မဲမပေးပဲ လက်မခံကြောင်းလည်း ပြသနိုင်ပါတယ်” လို့ ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီဟာ ရွေးကောက်ပွဲဖြစ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေပြီး ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်