Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးပဋိပက္ခကြံ့ကြာစေမယ့် စစ်တပ်ရွေးကောက်ပွဲ အသိအမှတ်မပြုဖို့ နိုင်ငံတကာကို ချင်းပြည်ကောင်စီ တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီတပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာရှင်စနစ် ဆက်လက်တည်တံ့ရေးကိုသာ ဦးတည်နေတာဖြစ်လို့ နိုင်ငံရေးပဋိပက္ခကိုသာ ကြံ့ကြာစေမှာဖြစ်ကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်လိုက်ပြီး အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းတွေအနေနဲ့ အသိအမှတ်မပြုဖို့၊ ပံ့ပိုးမှုမလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Post

အောက်တိုဘာ-၃၀၊ ၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာရှင်စနစ် ဆက်လက်တည်တံ့ရေးကိုသာ ဦးတည်နေတာဖြစ်လို့ နိုင်ငံရေးပဋိပက္ခကိုသာ ကြံ့ကြာစေမှာဖြစ်ကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်လိုက်ပြီး အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းတွေအနေနဲ့ အသိအမှတ်မပြုဖို့၊ ပံ့ပိုးမှုမလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ချင်းအမျိုးသားတပ်ဦး(CNF/CNA)နဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF)တွေ ပါဝင်စုဖွဲ့ထားတဲ့ ချင်းပြည်(Chinland)ကောင်စီအနေနဲ့လည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဖော်ပြကာ အတုအယောင်ရွေးကောက်ပွဲ အစီအစဉ်အားလုံးနဲ့ထွက်ပေါ်လာမယ့် ရလဒ် တွေကိုလုံး၀ ကန့်ကွက်တယ်လို့ ထုတ်ပြန်ပါတယ်။

ချင်းပြည်အတွင်းရှိ Non-CDMဝန်ထမ်းတွေအနေနဲ့လည်း ရွေးကောက်ပွဲမှာ ပါဝင်ခြင်းဟာ စစ်တပ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်စေမယ့် အထောက်အကူပေးမှုဖြစ်ကြောင်း သိရှိနားလည် ထားဖို့လည်း ချင်းပြည်ကောင်စီက ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ချင်းပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲ အစီအစဉ်တွေကို ပူးပေါင်းဆောင်ရွက်တာ မပြုကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အတင်းအဓမ္မဆန္ဒမဲပေးဖို့ စေခိုင်းခြင်းအပေါ် မိမိရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ရွေးချယ်ခွင့်ကို ကျင့်သုံးကာ ဆန္ဒမဲပေးခြင်းမပြုဖို့ တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်အုပ်ချုပ်ရေးအာဏာတည်မြဲရေး အတွက် သူတို့ကိုယ်တိုင် စိတ်တိုင်းကျရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင်၊ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ဖောက်ဖျက်ကျူးလွန်ကာ ရွေးကောက်ပွဲ အပိုင်း(၁)ကိုအခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပနိုင်ရေး မဲစာရင်းတွေ စုစည်းတာ၊ Non-CDM ဝန်ထမ်းတွေ၊ ဒီမိုကရေစီအရောင်ဆိုး နိုင်ငံရေးပါတီတွေကို အသုံးချပြီး မဲစာရင်းတွေ ကြည့်ရှုဖို့ လှုံ့ဆော်တာ၊ မဲပေးစက်နဲ့ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်စမ်းသပ် လေ့ကျင့်ပေးတာတွေ ပြုလုပ်နေသလို နိုင်ငံတကာနဲ့ အာဆီယံနိုင်ငံတွေကို လိမ်လည်လှည့်ဖြားကာ ရွေးကောက်ပွဲဥပဒေတွေကို ပြင်ဆင်ပြဌာန်းပြီး စစ်ဘေးရှောင် နေရပ်စွန့်ခွာ ပြည်သူတွေ ကြိုတင်မဲ ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ချင်းပြည်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်ကောင်စီသာမက ချင်းတော်လှန်ရေးအင်အားစုတခုဖြစ်တဲ့ ချင်းညီနောင်ကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်းကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။