Connect with us

Hi, what are you looking for?

သတင်း

အမေရိကန် ကုန်တင်လေယာဉ် ပျက်ကျမှုမှာ သေဆုံးသူ ၁၁ ဦးထိ တိုးလာ

အမေရိကန်နိုင်ငံ၊ ကန်တက်ကီ ပြည်နယ်ထဲက ကုန်တင်လေယာဉ် ပျက်ကျမှုဟာ အသေအပျောက် ၁၁ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံ၊ ကန်တက်ကီ ပြည်နယ်ထဲက ကုန်တင်လေယာဉ် ပျက်ကျမှုဟာ အသေအပျောက် ၁၁ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုဝင်ဘာ ၄ ရက် ညနေပိုင်းတုန်းက လူးဝစ္စဗီးလ် နိုင်ငံတကာ လေဆိပ်ကနေ ပျံအတက်မှာ လေယာဉ်ရဲ့ အင်ဂျင်တစ်လုံး ပြုတ်ကျပြီး လေယာဉ်ကလည်း ကုန်စည်တွေ သိုလှောင်ထားရာ ဂိုဒေါင်တွေဖက်ကို ပျက်ကျပြီး မီးလောင်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

မူလက သေဆုံးသူ အရေအတွက်ကို လေယာဉ် အမှုထမ်း ၃ ဦးသာ ရှိတယ်လို့ ကြေညာထားရာက ၂၄ နာရီလောက် အကြာမှာတော့ ၁၁ ဦးထိ မြင့်တက်လာခဲ့တာပါ။ သေဆုံးသူတွေထဲမှာ အနည်းဆုံး ကလေး ၁ ဦးလည်း ပါဝင်ပြီး အရေအတွက်က ထပ်တိုးလာနိုင်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒီဘီရှာက ပြောကြားခဲ့ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ McDonnell Douglas MD-11 အမျိုးအစား လေယာဉ်ရဲ့ ဘယ်ဖက်အင်ဂျင်ဟာ လေယာဉ် ပျံတက်ချိန်မှာ မီးစွဲလောင်ပြီး ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်က အရှိန်နဲ့ ထိုးဆင်းလာပြီး ဝင်တိုက်ခဲ့တာကြောင့် ဂိုဒေါင် နှစ်လုံးလည်း မီးလောင်ပြီး အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ဒဏ်ရာရသူလည်း တစ်ဒါဇင်ကျော် ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆေးရုံရောက်နေသူတွေဟာ မီးလောင်ဒဏ်ရာ၊ အပျက်အစီး အစအနတွေ ထိမှန်တဲ့ဒဏ်ရာတွေ ရထားကြသလို မီးခိုးမွှန်ပြီး အသက်ရှူ မွန်းကျပ်ခဲ့သူတွေလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နောက်ပြီး ပျောက်ဆုံးနေသူ တချို့လည်း ရှိတယ်လို့ ကယ်ဆယ်ရေးတွေက ဆိုပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲပါ။ လေယာဉ် အင်ဂျင် ဘာကြောင့် မီးစွဲလောင်ပြီး ပြုတ်ကျရသလဲ၊ လေယာဉ်ဘာကြောင့် ပျက်ကျရသလဲ ဆိုတာကို အတိအကျ ပြောဖို့ကတော့ အရမ်းစောလွန်းနေသေးတယ်လို့ စုံစမ်းရေး အရာရှိတွေက မှတ်ချက်ပေးထားပါတယ်။

လေယာဉ်ပျက်ကျမှုအပြီး လေဆိပ်ကို ယာယီ ပိတ်ခဲ့ပေမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာတော့ ပြန်လည် ဖွင့်ပေးထားပြီး လေယာဉ် အတက်အဆင်းတွေ ပြန်စနေပြီလို့ လူးဝစ္စဗီးလ် မြို့တော်ဝန် ကရိတ်ဂျ် ဂရင်းဘာ့ဂ်က ပြောကြားခဲ့ပါတယ်။ လေယာဉ် ပျက်ကျမှုနဲ့ ဆက်စပ်ပြီး လူပျောက်တိုင်ထားတဲ့ မိသားစု ၁၆ ခုရှိတယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန်ရဲ့ United Parcel Service (UPS) ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းက ပိုင်ဆိုင်တဲ့ လေယာဉ်ဟာ လောင်စာဆီ ဂါလံပေါင်း ၃၈၀၀၀ ကို တင်ဆောင်သွားခဲ့တာကြောင့်လည်း မီးလောင်မှု အခြေအနေက ပိုမိုဆိုးရွားခဲ့တာ ဖြစ်တယ်လို့ စုံစမ်းရေး အရာရှိတွေက သုံးသပ်ထားပါတယ်။

လူးဝစ္စဗီးလ် မီးသတ်ဌာန အကြီးအကဲ ဘရိုင်ယန် အိုနေးလ်က လေယာဉ်ပျက်ကျတဲ့ နေရာမှာ ဖြစ်ပွားခဲ့တဲ့ လောင်စာဆီ ယိုစိမ့်မှုတွေဟာ ကိုင်တွယ်ဖို့ အရမ်းအန္တရာယ်ကြီးတဲ့ အခြေအနေမျိုး ရှိနေတုန်းပဲလို့ ပြောကြားထားပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး ဘီရှာကလည်း ဒေသခံတွေ အနေနဲ့ လေယာဉ်ပျက်ကျတဲ့ နေရာဆီ ချဉ်းကပ်တာမျိုး လုံးဝ မလုပ်ကြဖို့ အလေးအနက် တိုက်တွန်း သတိပေးထားပါတယ်။

လောင်စာတွေ ပျံ့နေတာကြောင့် အချိန်မရွေး မီးထလောင်နိုင်တဲ့ အန္တရာယ် ရှိနေသေးကြောင်း၊ အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေကို မြင်ရုံနဲ့တင် ဖြစ်စဉ်က ဘယ်လောက် ဆိုးရွား ကြမ်းတမ်းခဲ့သလဲဆိုတာ အားလုံး သိကြပြီးဖြစ်မယ်လို့ ယုံကြည်ကြောင်း ဘီရှာက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။